အတွေးလက်ဆောင်

အတွေးလက်ဆောင် (၉၁)

အတွေးလက်ဆောင် (၉၁) ။ ။ သဘာဝတရားအရ လောကမှာ ဓာတ်တူကို ဓာတ်တူချင်း ဆွဲငင်တတ်ပါတယ်။ အရက်သမား အရက်သမားချင်း တရားသမား တရားသမားချင်း အကျင့်ချင်းတူ စရိုက်ချင်းတူ ဝါသနာ တူသူချင်းသာ ပေါင်းဖက်ကြစမြဲမို့ ပညာရှိတဲ့သူနဲ့ ပေါင်းသူဟာ ပညာရှိဖို့ အလားအလာရှိပါတယ်။ ပညာရှိသူကို မှီဝဲဆည်းကပ်ရမယ်။ လူမိုက်ကို မမှီဝဲရဘူးလို့လည်း မင်္ဂလသုတ် ပရိတ်တော်မှာ ဗုဒ္ဓက ဟောပါတယ်။ လူမိုက်နဲ့ ပေါင်းရင် လူမိုက်ပဲ ဖြစ်မယ်။ ပညာရှိနဲ့ ပေါင်းမှ ပညာရှိ ဖြစ်ပါမယ်။ ဖက်တောင်မှ ပန်းထုတ်တဲ့ ဖက်က ပန်းရနံ့ မွှေးပြီး ငါးပိထုတ်တဲ့ ဖက်ကျတော့ ငါးပိနံ့ နံစော်တယ် မဟုတ်ပါလား။

He that walketh with wise men

shall be wise.

King Saloman

ပညာရှိတဲ့သူနဲ့ အတူသွား
အတူနေသူဟာ ပညာရှိသူပါပဲ။
ဆောလ်မွန်မင်းကြီး

#OpenYourBusinessOnline

Related Posts