အတွေးလက်ဆောင် (၇၇) ။ ။ပေးကမ်းစွန့်ကြဲတယ်ဆိုတာ စေတနာမှန်ဖို့လိုပါတယ်။ စေတနာမှန်မှ ဒါနမြောက်ပါတယ်။ ဒီလိုမဟုတ်ဘဲ လူသိစေချင်လို့ ကြွားဝါချင်လို့ လူအထင်ကြီးအောင်လုပ်တဲ့ အလှူဒါနကတော့ စင်ကြယ်တဲ့ ပေးလှူမှုမဟုတ်တဲ့အတွက် ဒါန မြောက်တယ်လို့ မဆိုနိုင်ပါဘူး။
That Charity which Longs Publish
it self, Ceases to be Charity.
Willion Hutton
လူတကာကို သိစေချင်လွန်းတဲ့ ပေးကမ်းစွန့်ကြဲမှုမျိုးဟာ၊
ပေးကမ်းစွန့်ကြဲမှု အဖြစ်က ရပ်စဲသွားတယ်။
ဝီလျံ ဟပ်တန် (အင်္ဂလိပ်လူမျိုး – ရှေးဟောင်းသုတေသီ)