အတွေးလက်ဆောင်

အတွေးလက်ဆောင် (၇၂)

အတွေးလက်ဆောင် (၇၂) ။ ။ ခရီးသွားရင် ပန်းတိုင် ရှိရပါမယ်။ ပန်းတိုင်မသိဘဲ ပင်လယ်ထဲ ရွက်လွှင့်တဲ့သူဟာ ဘယ်အရပ်…ဘယ်ဒေသကို သွားရမှန်း မသိတဲ့အတွက် ဘယ်အရပ်က တိုက်ခတ်လာတဲ့ လေကမှ သူ့ကို ကူညီမှု မပေးနိုင်ပါဘူး။ ဒီလိုပါပဲ ဘဝမှာ ရည်မှန်းချက် ပန်းတိုင်ဆိုတာ ရှိရပါမယ်။ ရည်မှန်းချက် ပန်းတိုင် မရှိသူအဖို့ သူ့ဘဝတိုးတက်ရေး ကြီးပွားအောင်မြင်ရေးကို အထောက်အကူပြုမယ့် ဘယ်လို အခြေအနေမျိုး ဘယ်လို ပတ်ဝန်းကျင်မျိုး ဘယ်လို အခွင့်အရေးမျိုးကိုမှ သူဟာ အသုံးချနိုင်မှာ မဟုတ်ပါဘူး။ ဘဝဆိုတာဟာ ရည်မှန်းချက်ပန်းတိုင် ရှိဖို့ လိုပါတယ်။

When a man does not know what harbour

he is moking for, no wind is the right wind.

Sencea

လူတစ်ယောက်အဖို့ ဘယ်ဆိပ်ကမ်းဆီကို ဦးတည်
သွားနေမှန်း၊ မိမိကိုယ် မိမိ မသိတဲ့အခါ ဘယ်အရပ်က
တိုက်ခတ်လာတဲ့ လေဖြစ်စေ အကျိုးမပြုနိုင်ပါဘူး။
စီနီကာ

#OpenYourBusinessOnline

Related Posts