အတွေးလက်ဆောင်

အတွေးလက်ဆောင် (၆၇)

အတွေးလက်ဆောင် (၆၇) ။ ။ကျေးဇူးတရားဆိုတာ လူတိုင်းနဲ့ မကင်းတဲ့ အရာပါ။ ကျေးဇူးရှိသူတွေအပေါ်မှာ ထာဝစဉ် သတိရနေခြင်း ကျေးဇူးတင်ခြင်း။ ကျေးဇူးမမေ့လျော့ခြင်း ရှိအပ်ပါတယ်။ ကျေးဇူးပြုလိုက်သူ အတွက်ကတော့ ကျေးဇူးပြုလိုက်ရတဲ့ ပီတိကို စားသုံးပြီးတာနဲ့ မေ့လျော့လိုက်တာ အကောင်းဆုံးပါပဲ။ ဒီလိုမှ သဘောမထားနိုင်ရင် ကျေးဇူးရှင်ဆိုတဲ့ တံဆိပ်တပ်ပြီး ကိုယ့်ကိုယ်ကို ဘဝင်မြင့်နေတတ်သလို ကျေးဇူးမဲ့မှုတွေနဲ့ တွေ့ကြုံရတဲ့အခါ စိတ်မသက်မသာ ဖြစ်ရတတ်ပါတယ်။

He who receives a good turn should

never forget it; who does one should

never remember it.

Pieere Charron

ကျေးဇူးပြုခံရတဲ့သူဟာ ကျေးဇူးပြုခံရမှုကို ဘယ်လိုမှ
မမေးသင့်သလို ကျေးဇူးပြုလိုက်သူ အနေနဲ့လည်း
ကျေးဇူးပြုလိုက်ရတာကို ဘယ်လိုမှ သတိရမနေသင့်ပါဘူး။
ပြဲရှာရွန် (ပြင်သစ် တွေးခေါ်မှု ပညာရှင်)

#OpenYourBusinessOnline

Related Posts