အတွေးလက်ဆောင်

အတွေးလက်ဆောင် (၁၈)

အတွေးလက်ဆောင် (၁၈) ။ ။ လူဆိုတာ အသက်ရှင်နေတာချင်း တူပေမဲ့ ရပ်တည်မှုချင်း မတူပါဘူး။ လူတစ်ချို့ကအသက်ရှည်ရှည်နေခဲ့ကြပြီး ပေါ့ပေါ့တန်တန် နေတယ်။ လူတစ်ချို့ကျတော့ အသက်တိုပေမယ့် လေးနက်ပီပြင်တဲ့ ဘဝမျိုးနဲ့ နေသွားခဲ့ကြတယ်။ အရေးကြီးတာက မိမိ အသက်ရှင်နေသမျှ ကာလပတ်လုံး ဘဝကို အဓိပ္ပာယ်ရှိအောင် တန်ဖိုးရှိအောင် တစိုက်မတ်မတ် မကွေ့မကောက်ဘဲ သိက္ခာရှိရှိ နေထိုင်ကျင့်ကြံသွားဖို့ပါပဲ။

As is a tale, So is life: not how long it is, but how good it is, is what matters.

Seneca

ဘဝဆိုတာ ပုံပြင်တစ်ပုဒ်ပါပဲ။ ဘယ်လောက်ရှည်တယ်ဆိုတာ အရေးမကြီးပါဘူး။ ဘယ်လောက်ကောင်းတယ်ဆိုတာပဲ အရေးကြီးပါတယ်။

စီနီယာ
(ရောမတွေးခေါ်ပညာရှင်)

#OpenMoreOnline

Related Posts