အကောင်းမြင် အတွေး

အကောင်းမြင် အတွေး

Positive Thinking ဆိုတာ အလျှော့ပေးတာ မဟုတ်ဘူး။ အကောင်းမြင်ဝါဒကို အလျှော့ပေးတဲ့ ဝါဒလို့ မယူဆပါနဲ့။

၁၀.၅.၂၀၁၈/ ဆေးဝါးတက္ကသိုလ် ရန်ကုန်

Positive Thinking အကောင်းမြင်အတွေး ဆိုတာက ပြဿနာတစ်ခု ဖြစ်လာပြီဆိုရင် ဒီပြဿနာ ဖြေရှင်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက် စွဲကိုင်ထားတာ

၂၀.၄.၂၀၁၉/ စင်ကာပူ

ကိုယ့်ရဲ့ Positive အတွေးလေးတစ်ခုက အကုန်လုံးကို Positive ဖြစ်စေတယ်။ ကိုယ့်ရဲ့ Negative အတွေးတစ်ခုက အကုန်လုံးကို စိတ်ညစ်စေနိုင်တယ်။ အဲဒါလေးကိုလည်း သတိပြုစေချင်တယ်။

၂၈.၆.၂၀၁၉/ MICT Park Yangon

အကောင်းတွေးတယ် ဆိုတာက မကောင်းတာတွေ ignoreလုပ်၊ အကုန်လုံး လျစ်လျူရှုပြီးတော့ အကုန်လုံး Yesလုပ် . . . အဲဒါကို ပြောတာ မဟုတ်ဘူး။ ဒါဆိုရင် အဲဒါ လူအပဲ။ ဘဝရဲ့ အဓိကပန်းတိုင်က ဗုဒ္ဓဘာသာအနေနဲ့ဆိုရင်တော့ ဘဝအရင်း မရှုံးအောင် နေဖို့ပဲ။

ရခဲတဲ့လူ့ဘဝမှာ အရင်းမရှုံးအောင်ဆိုရင် Positive Thinking – မှန်ကန်တဲ့ အကောင်းမြင်ဝါဒ ရှိရတယ်တဲ့။ အကောင်းမြင်ဝါဒရှိတဲ့ ပုဂ္ဂိုလ်ကမှ ပြဿနာကို ဖြေရှင်းပေးနိုင်တာ။

အကောင်းမြင်ဝါဒဆိုတာ လူတစ်ယောက်က ဘယ်လောက်ပဲ ခိုးခိုး၊ ဘယ်လောက်ဆိုးဆိုး အဲ့ဒါကို ဘားမှမပြောဘဲ ဒီအတိုင်းထားတာကို အကောင်းမြင်ဝါဒလို့ မဆိုလိုဘူး။

၁.၁၂.၂၀၁၈/ အဘိဓမ္ဓရတနာဃရ ဗိမာန်တော် ရန်ကုန်

အောက်စဖို့ဒ်ဆရာတော် ရေးသားထားသော ဘဝနှင့်စိတ်ပိုင်းဆိုင်ရာ ဓမ္မအတွေးအမြင်များ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#OpenYourBusinessOnline

Related Posts