hapeye

ဟန်ချက်ညီအောင်ထိန်းခြင်း။

(Balancing Act)


ကျွန်မတို့ဘဝများကိုလည်းကောင်း၊ သက်မွေးမှုလုပ်ငန်းကိုလည်းကောင်း၊ မိမိကိုယ်ကိုထားသည့်ကတိများ၊ သူတစ်ပါးကိုပေးထားသည့်ကတိများ စသည်တို့ကို ဟန်ချက်ညီအောင် ထိန်းထားဖို့ ပြောဆိုသည်များကို ကြားနေကြရသည်။


ဆိုလိုသည်မှာ သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခုစီသည် ပေါင်မုန့်တစ်ခုကို အစိတ်အပိုင်းများ လှီးဖြတ်ထားခြင်းနှင့်တူညီသည်ဟု ခံယူထားခြင်းလား။ စုစုပေါင်း ၁၀၀ ရာခိုင်နှုန်းဟု သတ်မှတ်ပြီးအစိတ်အပိုင်းတစ်ခုစီကို တန်ဖိုးအလိုက် ခွဲဝေသတ်မှတ်ထားခြင်းလား။ ဥပမာ – အလုပ်ကို ၅၀ရာခိုင်နှုန်း၊ သားသမီးများကို ၃၀ ရာခိုင်နှုန်းပေးမည် စသည်ဖြင့် သတ်မှတ်ခြင်းမျိုး။ တစ်နေ့လျှင် ၂၄ နာရီရှိသည့်အနက် မည်သည့်အချိန်ကို မည်သည့်လှုပ်ရှားမှုအတွက် လျာထားမည်ဟု ဆုံးဖြတ်ထားခြင်းလား။


ကျွန်မ ပြောရမည်ဆိုလျှင် ဤအဓိပ္ပာယ်ဖော်ဆောင်ချက် တစ်ခုမှာ အံဝင်ခွင်ကျ မဖြစ်ပါ။ သင်၏ ဟန်ချက်ညီမှုအတွက် အဓိပ္ပာယ်ဖော်ဆောင်မှုသည် အတုမရှိသော သင်တစ်ဦးတည်းပိုင်ဖြစ်သည်။ ထိုဖော်ဆောင်မှုကို သင့်ဦးနှောက်မှ သင့်ကိုပြောသည့် တိုးညင်းသောအသံကလေးများ၊ ညင်သာသောဆောင့်ဆွဲချက်ကလေးများအပေါ် သင်အာရုံထားခြင်းမှ ရရှိသည်။


သင် အပြစ်စွဲစိတ်ထားရှိခြင်း၊  စိတ်ပျက်ခြင်း၊ စိတ်ဆိုးခြင်း၊ ပင်ပန်နွမ်းနယ်ခြင်း၊ သို့မဟုတ် အခြားစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမပြေလည်သည့် ခံစားချက်များရှိခဲ့လျှင် သင့်ကိုယ်သင်မည်သည့်မှာ ကြားချက်ပေးပို့နေသည်ကို  ပြန်မေးပါ။ သင်လက်ရှိထက် အိပ်ချိန်ပိုယူဖို့လိုနေပါသလား။ ခက်ခဲမည့် ဆွေးနွေးမှုတစ်ရပ်ကို သင်ရှောင်တိမ်းနေပါသလား။ သင်စောစောထဖို့လိုသော်လည်း သင်ကြိုက်နှစ်သက်သည့် ဂီတအစီအစဉ်ကို ညအိပ်ရေး အပျက်ခံပြီး ကြည့်နေပါသလား။


မည်သို့ပင်ဖြစ်စေ အဖြေမှာရှင်းနေသည်။ သင် သက်သောင့်သက်သာနေပြီး အလျင်နှင့်စီးမျောပါ။ သင် ရှောင်တိမ်းမှု မပြုလုပ်ပါနှင့်။ အရက်စုံယမကာသောက်ပြီးလည်းကောင်း၊ ကွတ်ကီးတစ်ဘူးစားပြီးလည်းကောင်း မေ့ဖျောက်ရန် မကြိုးစားပါနှင့်။ နေ့တိုင်း၊ အချိန်တိုင်းတွင် ကျွန်ုပ်တို့ ရွေးချယ်မှုများ ပြုလုပ်နိုင်သည်။ယမန်နေ့က၊  သို့မဟုတ် လွန်ခဲ့သည့် ငါးမိနစ်က ရွေးချယ်မှုမှ ကွဲပြားသော ရွေးချယ်မှုကို ပြောင်းလဲပြုလုပ်နိုင်သည်။

ပုံစံဟောင်းများ ယန္တရားလည်ပတ်မှုထဲသို့ ကျဆင်းပြီး အော်တိုလှုပ်ရှားမှုများပြုလုပ်နေမည့်အစား သင့်ကိုယ်သင် နိုးကြားမှုရှိအောင် လှုပ်ခါပါ။ အာရုံစူးစိုက်ပါ။ မှန်ကန်သည့် လုပ်ရက်တစ်ခုကို ယခုလုပ်ပြီး တည်ငြိမ်မှု၊ သက်သောင့်သက်သာ ရှိမှု၊ မိမိကိုယ်ကို ချုပ်တည်းနိုင်မှု၊ ထိုမှတစ်ဆင့် ဟန်ချက်ညီမှုသို့ ပိုမိုနီးစပ်မှုရှိလာအောင် ဆောင်ရွက်ပါ။

ဟန်ချက်ညီခြင်းအတွက် ကျွန်မ၏ အဓိပ္ပာယ်ဖော်ဆောင်မှုကို သိလိုပါသလား။ ကျွန်မအနေဖြင့် ယင်းကို အကောင်းဆုံးဖော်ဆောင်ရန်မှာ ဟန်ချက်ထိန်းလျှောက်လမ်းပေါ်မှ ကျွမ်းဘားသမားတစ်ဦးနှင့် တင်စားနှိုင်းယှဉ်ရန် ဖြစ်ပါသည်။ ထိုသူသည် တည်ငြိမ်သည်၊ စိုးရိမ်သောကကင်းသည်၊ ချုပ်တည်းနိုင်သည်၊ အာရုံစူးစိုက်မှုရှိသည်၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိသည်။ သေးငယ်သော ယိမ်းယိုင်မှုများ၊ မှားယွင်းသောခြေလှမ်းငယ်များကို အလိုက်သင့် ကိုက်ညှိခြင်း၊ ထို့ပြင် လေ့ကျင့်ခြင်း၊ လေ့ကျင့်ခြင်း၊ လေ့ကျင့်ခြင်း၊ ထပ်ခါတလဲလဲ ပြုလုပ်သည်။ ပိုမိုဖြစ်ထွန်းသော ဂျွမ်းဘားသမားများ၏ လှုပ်ရှားမှုများကိုကြည့်ရှုခြင်း၊ ‘ဘဝဟန်ချက်ထိန်းလျှောက်လမ်း’ တွင် အတွေ့အကြုံပိုများသောသူများနှင့် စကားပြောခြင်း၊ သက်ဆိုင်ရာနည်းစနစ်များ အကြောင်းဖတ်ရှုခြင်း၊ စမ်းသပ်ခြင်း၊ နောက်ဆုံးတွင် လိမ့်ကျခဲ့လျှင် ပြန်ထခြင်း စသည်တို့ ဖြစ်သည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts