hapeye

သင်ပြောသည့်စကားကို သင်တကယ်တမ်း အမှန်အားဖြင့်ဆိုလိုပါသလား။

(Do you really, really mean it?)

သင့်အလုပ်ခွင်တွင် အခြားသူများအပေါ် သင် မည်သို့ တကယ်တမ်းခံစားရသည်ကို ဤစာအုပ်၏ ဤအခန်းတွင် ပါဝင်သည့် နည်းလမ်းများကိုလည်းကောင်း၊ သင့်လုပ်ငန်းခွင် သင်တန်းများတွင် သင်ယူရသည့် ကျွမ်းကျင်မှုများကိုလည်းကောင်း အသုံးမပြုမီ စဉ်းစားသုံးသပ်ပါ။ သင်ထိုသူများကို နှစ်သက်ပါသလား။ သူတို့နှင့် သူတို့အနာဂတ်ကို ဂရုတစိုက် ရှိပါသလား။ သို့မဟုတ်ပါကလည်း စကားစမြည်ပြောရာတွင် သင့်အတွက် လွယ်ကူမှုရှိစေမည့် နည်းလမ်းကို အသုံးချနေခြင်းလား။

အဆုံးစွန်တွင် အမှန်တရားကို ခံစားသိရှိနိုင်မည်။ ထို့ကြောင့် သင့်စိတ်ပါဝင်စားမှုများကိုအရင်စိစစ်ပါ။ ထိုနောက်မှ ထိရောက်မှုရှိသော ဆက်ဆံပြောဆိုခြင်း နည်းလမ်းများကို ပေါင်းစပ်အသုံးချပါ။ ပိုမိုအဆင်ပြေသော ဆက်ဆံရေးကိုရရှိအောင် နည်းလမ်းတစ်ခုကိုအသုံးချခြင်းသည် ခြယ်လှယ်ခြင်းမမည်ပါ။ သင့်အနေဖြင့် လူတစ်ဦးတစ်ယောက်ထံမှ သင်လိုချင်သည့်အရာကိုရယူရန် ထိုလူအပေါ်သက်ရောက်မှုကို အနည်းအကျဉ်းမျှ စဉ်းစားသည်၊ သို့မဟုတ် လုံးဝမစဉ်းစားဘဲ နည်းလမ်းတစ်ခုကို အသုံးချမှသာလျှင် ခြယ်လှယ်ခြင်းသဘော သက်ရောက်သည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts