hapeye

သင်တွေးကြည့်ခြင်းများသည် ဖြစ်လာတတ်သည်။

(Visualize it and they will come)

သင်၏ဦးတည်ချက်များကို အထောက်အကူပြုသည့် အနေဖြင့် ဦးတည်ချက်တင်ပါးကို နည်းနည်းလေးတော့ ဆောင့်ကန်လိုက်ပါ။ သင့်အလုပ်ရုံးခန်း၏ နံရံတွင် ‘လှုံ့ဆော်အားပေးမှုဘုတ်ပြား’၊ သို့မဟုတ် ‘မြင်ကွင်းဘုတ်ပြား’ ဖန်တီးထားရှိသင့်သည်။ သင် ရောက်လိုသောပန်းတိုင်ကို မြင်နေရခြင်းသည် သင့်ကြိုးပမ်းမှုများကို တွန်းအားဆယ်ဆပေးလိမ့်မည်။ အကြံဉာဏ်အချို့ ယခုပေးလိုက်ပါသည်။

ဖော့ဆို့၊ သို့မဟုတ် စုပ်အားရှိသောအရာတစ်ခုခုကို အသုံးပြုပြီး မဂ္ဂဇင်းများ၊ သို့မဟုတ် ဝက်ဘ်ဆိုက်များမှ သက်ဆိုင်ရာ အချက်အလက်များ၊ ချစ်ရသူများ၏ ဓာတ်ပုံများ၊ သင့်ကို စေ့ဆော်မှုပေးသည့် စကားလုံးများကို ဘုတ်ပြားတွင် တွဲကပ်ထားပါ။

ဘုတ်ပြားကို အစီအစဉ်ကျပြီး သပ်ရပ်စွာရှိစေမည့်အစား သောင်းပြောင်း ဖြတ်ညှပ်ကပ်ပုံစံလုပ်ပါ။ သင်အိမ်တစ်လုံးဝယ်ယူမည်ဆိုပါက အိမ်ပုံစံ များပြားစွာကို သဏ္ဌာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးဖြင့် တွဲကပ်ထားပါ။ ပုံများကို ရောထွေးပစ်ပါ။ အရောင်စုံပါစေ။ သင်္ကေတများလည်း သုံးပါ။ ပုံများကို အိမ်ရှေ့ပုံစံများ၊ ပုံစံပြာများ၊ ပန်းခြံများစသည်ဖြင့် သင်လိုချင်သလိုစီကပ်နိုင်သည်။ မြင်ကွင်းဘုတ်ပြားတွင် ဘာကပ်သင့်သနည်း။ ယင်းသည် ဤနည်းလမ်းကို ဖတ်ရှုနေသူတို့ တစ်ဦးချင်းအပေါ် မူတည်သည်။ ကျွန်မ ယခင်က မြင်ကွင်းဘုတ်ပြားများတွင် ကပ်ထားခဲ့သည့် အချက်အလက်အချို့ကို ဖော်ပြလိုက်ပါသည်။

ကျွန်မ နှစ်သက်သောဆံပင်ပုံစံများ (ထိုပုံစံအမြန်ဖြစ်ရန် မျှော်လင့်သည်။ ဆံပင်ရယ်၊ မြန်မြန်ရှည်စမ်းပါ)

ကျွန်မ အပြင်တွင်အလုပ်လုပ်လျှင်ကြည့်သည့် ဗီဒီယို၏ အဖုံးကာဗာ

‌‘ရောင်းပြီး’ ဆိုသည့် စာတန်းဖြတ်ရေးထားသည့် ကျွန်မနေအိမ်၏ပုံ

ကျွန်မ ပုံနှိပ်ထွက်ရှိလိုသော စာတစ်အုပ်၏ စိတ်ကူးယဉ်အဖုံးရုပ်ပုံ

‘ဒေဗစ်ဆန်မိသားစု၏အိမ်’ ဆိုသည့် စာတန်းဖြတ်ရေးထားသည့် ကျွန်မဝယ်ယူလိုသော နေအိမ်၏ပုံ


သင်သဘောပေါက်ပါပြီလား။ သင် ပျော်ရွှင်စွာ စမ်းသပ်ကြည့်ပါ။ သို့သော် ‘…သင့်တယ်’ ဆိုသည့် စကားလုံးမျိုးမသုံးပါနှင့်။ (ဥပမာ – ငါအပြင်ထွက်ပြီးအလုပ်လုပ်သင့်တယ်။ ဒါကြောင့် အပြင်ထွက်အလုပ်လုပ်တဲ့ကိစ္စမျိုးတွေ ဘုတ်ပြားမှာ ကပ်ထားသင့်တယ်’ စသည်ဖြင့်)။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts