ဒူးခေါင်း

သင့် ဒူးခေါင်း ပျက်စီးစေနိုင်သည့် အမူအကျင့် ငါးမျိုး

သင့် ဒူးခေါင်း ပျက်စီးစေနိုင်သည့် အမူအကျင့် ငါးမျိုး

“ဒူးခေါင်းကို ဒဏ်ရာ‌​ရထားဖူးတဲ့အတွက် ဒူးနာ‌ဝေဒနာခံစားရနိုင်ပါတယ်။ ဒါကြောင့် သင် နေ့စဉ် လုပ်ဆောင်နေတဲ့လုပ်ငန်းထဲက အမှတ်မထင် ဒူးခေါင်း ကို ဒဏ်ရာရစေနိုင်တဲ့ အမူအကျင့်ငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။”

၁။ ကိုယ်အလေးချိန်မြင့်မားခြင်း
သင့်ခန္ဓာကိုယ်ရဲ့ အလေးချိန် တစ်ပေါင်တိုးလာတိုင်း သင် မတ်တပ်ရပ်စဉ်မှာ သင့်ဒူးအပေါ် ဖိအားသက်ရောက်တဲ့ ပေါင်ချိန် သုံးပေါင် တိုးလာပါတယ်။
အ၀လွန်တာကြောင့် အရိုးအဆစ်ရောင်ရောဂါ ‌ဝေဒနာခံစားရကာ ဒူးခေါင်းအတွင်းမှ အရိုးနုတွေပျက်စီးလာပြီး အလွယ်တကူ ဒဏ်ရာရရှိနိုင်ပါတယ်။ ကိုယ်အလေးချိန်
၁၀ ပေါင်ကျော်ကျော် လျှော့ချလိုက်ရုံနဲ့ အရိုးအဆစ်ရောင်ရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ လေ့လာမှုအရ သိရှိထားပါတယ်။

၂။ လေ့ကျင့်ခန်းလုံလုံလောက်လောက် မလုပ်ခြင်း
ဒူးခေါင်းကျန်းမာရေးနဲ့ပက်သက်လာရင် လေ့ကျင့်ခန်းလုပ်တာက အသွားနှစ်ဖက်ပါ ဓားသွားလိုမျိုး အကျိုးသက်ရောက်မှုရှိပါတယ်။
ဒူးခေါင်းကျန်းမာဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်သလို လေ့ကျင့်ခန်းအပြင်းအထန် လုပ်တာကြောင့်လည်း ဒူးခေါင်းဒဏ်ရာရရှိနိုင်ပါတယ်။
ဒူးခေါင်းအတွက် ဆွဲဆန့်လေ့ကျင့်ခန်းသာ ပြုလုပ်သင့်ပါတယ်။ လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂကျင့်စဉ်လုပ်တာတွေက ဒူးခေါင်းအတွက် ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေပါ။

၃။ ဒေါက်မြင့်ဖိနပ်စိးခြင်း
အလွန်မြင့်တဲ့ ဒေါက်မြင့်ဖိနပ်တွေ စီးတာက ခန္ဓာကိုယ်အတွက် အချိုးအစားလှပနိုင်ပေမယ့် ဒူးခေါင်းအတွက်က ဖိအားပိုမိုသက်ရောက်နိုင်ပါတယ်။
ဒေါက်မြင့်ဖိနပ်တွေ စီးတာဟာ အမျိုးသမီးတွေရဲ့ ခြေထောက်နဲ့ ဒူးခေါင်းမှာ ဒဏ်ရာရနိုင်ခြေ မြင့်မားတဲ့အချက်တခုပါ။

၄။ အနေအထားမမှန်မကန်ခြင်း
တစ်နေ့တာလုံး ရွေ့လျားမှုပြုလုပ်ရာမှာ သင့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ခြေထောက်နှစ်ဖက်အပေါ် မျှမျှတတကျရောက်ဖို့ လိုအပ်ပါတယ်။
ဒူးကွေးတာလိုမျိုး မမှန်ကန်တဲ့ အနေအထားတွေကြောင့် ဒူးမှာ ဒဏ်ရာရရှိနိုင်ပါတယ်။

၅။ အဆစ်နှင့်ကြွက်သား အသုံးပြုလွန်ခြင်း
ဒူးခေါင်းပေါ် ဖိအားပေးနိုင်တဲ့ လှုပ်ရှားမှုတွေကို နေ့စဉ်ရက်ဆက်လုပ်မိရင် ဒူးခေါင်းအတွင်း ပျက်စီးသွားတဲ့အရာတွေကို ပြန်လည်ပြုပြင်ဖို့ အချိန်လုံလုံလောက်လောက်ရမှာ မဟုတ်ပါဘူး။ ဒူးခေါင်းမှာ နာကျင်တဲ့‌ေ၀ဒနာခံစားရတာနဲ့ တစ်ပြိုင်နက် ချက်ခြင်းကုသမှုခံယူဖို့ လိုအပ်ပါတယ်။ RIEC (အနားယူတာ၊ ရေခဲကပ်တာ၊ မြှောက်ထားတာနဲ့ ဖိအားပေးတာ) တွေဟာ ရုတ်တရက် ဒါမှမဟုတ် နာတာရှည် ဒူးခေါင်းနာသူတွေအတွက် အသုံးပြုသင့်တဲ့ နည်းလမ်းတွေပါ။

Related Posts