ဝါးပင်

တစ်ခါက ဝါးပင်နဲ့ မြက်ပင်ရဲ့ မျိုးစေ့လေးတွေကို အတူတကွ မြေကြီးထဲမှာ စိုက်ပျိုးခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်အားဖြင့် ၁လလောက်အကြာမှာတော့ မြက်ပင်လေးက မြေကြီးပေါ်ကိုစပေါက်လာပါတယ်။ ဝါးပင်ကတော့ မြေကြီးထဲမှာပဲ ရှိပါသေးတယ်။ ဒါကိုကြည့်ပြီး ဝါးပင်က ဘားမှမဖြစ်ပေမဲ့ မြက်ပင်ကတော့ …
“မင်းက ဘယ်တော့မှ ငါ့လိုဖြစ်မှာ မဟုတ်ပါဘူး။” ဟုအထင်သေးစွာဖြင့်ပြောပါတယ်။
သုံးလလောက်အကြာမှာတော့ မြက်ပင်တွေက တအားများလာပါတယ်။ ဝါးပင်တွေကတော့ ဒီအတိုင်းပါဘဲ။ လေးလလောက်အကြာမှာတော့ ဝါးပင်လေးတွေက စထွက်လာပါတယ်။ ဒါပေမဲ့ မြက်ရိုင်းတွေက တော်တော်ကို ထိုးထိုးထောင်ထောင် ဖြစ်နေပါပြီ။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဝါးပင်တွေက အမြင့်ကြီးကို ရောက်သွားပါတော့တယ်။ မြက်ပင်တွေကတော့ ဒီအတိုင်းပါဘဲ။
ပြောချင်တာကတော့ ဒီလိုပါ။။
အောင်မြင်ချင်တဲ့သူဆိုတာ ဝါးပင်တွေလိုပါပဲ၊ တဖြည်းဖြည်း ကိုယ့်ဘဝကို မြင့်သည်ထက်မြင့်အောင်၊ အောင်မြင်သည်ထက် အောင်မြင်အောင်၊ ကြီးပွားသည်ထက် ကြီးပွားအောင် လုပ်ဆောင်ရမှာပါ။
အဲ့ဒီလို လုပ်ဆောက်တဲ့အခါမှ အမြင့်မရာက်ခင် မြက်ပင်နဲ့တူတဲ့သူတွေ အခက်အခဲတွေရဲ့ လှောင်ပြောင်အထင်သေးမှုကို ခံရသလို၊ မြင့်လာတာနဲ့အမျှ လေနဲ့တူတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရမယ်ဆိုတာပါပဲ။

မြက်ပင်ဆိုတာ
အလွယ်တကူပေါက်ဖွားပင်မဲ့
အမြင့်ကို မရောက်ပါဘူး။
ဝါးပင်ဆိုတာ
ခက်ခဲစွာ ပေါက်ဖွားပေမဲ့
အမြင့်ကိုရောက်ပါတယ်။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။  

#Open More Online

Related Posts