လွှတ်ချမှု

လွှတ်ချမှု – အတိတ်ကို လွှတ်ချပြီး ပေါ့ပေါ့ပါးပါးနေထိုင်ပါ။

ဒီနေ့ ဘယ်လောက်ပင် ကြီးမားတဲ့ကိစ္စ ဖြစ်နေပါစေ။ မနက်ဖြန်ရောက်ရင် ကိစ္စလေး ဖြစ်သွားပါလိမ့်မယ်။ ဒီနှစ် ဘယ်လောက်ပင် ကြီးမာတဲ့ကိစ္စ ဖြစ်နေပါစေ။ နောက်နှစ်ရောက်ရင် ပုံပြင်လေး ဖြစ်သွားပါလိမ့်မယ်။ ဒီဘဝ ဘယ်လောက်ပင် ကြီးမားတဲ့ကိစ္စ ဖြစ်နေပါစေ။ နောက်ဘဝရောက်ရင် ယုံတမ်းစကား ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့တွေက ယုံတမ်းပုံပြင်တွေကို ဖန်းတီးနေတဲ့သူတွေလေ မေ့နေပြီလား။

ဘဝမှာ အလုပ်မှာ အဆင်မပြေမှုကြုံတိုင်း ကိုယ့်ကိုယ်ကို ပြန်သတိပေးပါ။ ဒီနေ့က ကုန်သွားမှာ။ မနက်ဖြန်က ရောက်လာမှာ။ နေ့ရက်အသစ်နဲ့ ကိုယ်က ပြန်စတင်ရမှာပါ။

လောကသစ္စာရေးသားထားသော နေတတ်ရင် ကျေနပ်စရာပါ စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်

Related Posts