hapeye

(Three secret weapons)

လျှို့ဝှက်ချက် ၁။ သင့်အမှားများကိုဝန်ခံပါ။

(Secret #1- Admit your mistakes)

ဤလျှို့ဝှက်ချက်သည် သင်စင်္ကြံလမ်းသို့ ထွက်ပြီး ပထမဆုံးတွေ့သူကို ရပ်ကာ သင့်အလုပ်ရှင်ထံတွင် အလုပ်စဝင်တည်းက သင်ပြုမိခဲ့သည့် အမှားများကို ဝန်ခံပြောပြရန် မဆိုလိုပါ။ ဆိုလိုသည်မှာ များသောအားဖြင့် ကျွန်ုပ်တို့ဖိစီးမှုသည် လိပ်ပြာမသန့်ခြင်းမှလာသည်။ အမှားတစ်ခုမှ ဖြစ်ပေါ်လာသည့် အပြစ်စွဲစိတ်ထားနှင့် ပူပန်မှုကို လျော့နည်းစေရန် အထိရောက်ဆုံးနည်းလမ်းတစ်ခုမှာ ထိုအမှားကို ဝန်ခံလိုက်ရန်ဖြစ်သည်။ သင်စိတ်ပူနေသည့်အကြောင်းအရင်းမှာ သင့်အမှားကို ဖမ်မိခြင်း၏ ဆိုးကျိုးများဖြစ်သည် မဟုတ်ဘူးလား။ သင့်အပြစ်ကို သင့်သဘောဖြင့် ရင်ဆိုင်တွေ့လိုက်လျှင် မကောင်းပေဘူးလား။ သင်မှားမိသည်ကိုပြန်ပြင်ရန် အစီအစဉ်တစ်ခုလည်းရှိရမည်။ သင်စိတ်ခံစားချက်လွတ်လပ်ပေါ့ပါးသွားမည့်အပြင် ထိုသတ္တိရှိသောဝန်ခံမှုကြောင့် သင့်ဂုဏ်သတင်းနှင့် ယုံကြည်အားထားနိုင်မှုတို့အပေါ် သက်ရောက်မှုကို သင် အံ့အားသင့်လိမ့်မည်။

လျှို့ဝှက်ချက် ၂။ သင်ကံကောင်းသည်ဟုအောက်မေ့ပါ။

(Secret #2- Count your blessings)

သုံးပါများ၍ ထုံနေပြီ၊ သို့သော် မှန်သည်။ ဤအကြံဉာဏ် ဤမျှလောက် ကြာရှည်စွာရပ်တည်နိုင်သည်မှာ အသုံးတည့်၍ဖြစ်သည်။ လူ့သဘာဝသည် ပြဿနာများဖြေရှင်းရန်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ကျွန်ုပ်တို့သည် ပြဿနာဖြေရှင်းသည့် အသွင်ပုံစံမှထွက်ပြီး အဆင်ပြေနေသည့်အရာများကို ကြည့်ရသည်။ သင့်အတွက် ယခုထက်ပိုဆိုးသော အနေအထားဖြစ်မလာနိုင်တော့ဟု သေချာသည့်အခါ ဘောလ်ပင်နှင့် စာရွက်ကို ယူ (သို့မဟုတ် သင့်ဦးနှောက်အတွင်း တိတ်တိတ်လေးလုပ်ကြည့်ပါ)၊ ပြီး သင့်အတွက် အဆင်ပြေနေသည့် အရာဆယ်ခုကို ချရေးပါ။ နံပါတ် ၁၀ မရောက်မီ မရပ်ပါနှင့်။ နံပါတ် ၅လောက် ရောက်သည့်အခါ သင့်အတွေးများ ပြောင်းလဲလာပြီး ထိုနေ့အတွက်၊ သို့မဟုတ် အစည်းအဝေး ပြီးချိန်အထိ သင့်အတွေးအခေါ်လမ်းမှန်ပေါ် ပြန်ရောက်လိမ့်မည်။

လျှို့ဝှက်ချက် ၃။ အတင်းအဖျင်းမပြောပါနှင့်။

(Stop gossiping)

ဤလျှို့ဝှက်ချက်သည် အနည်းငယ် နာကျင်စေမည်။ သို့သော် ရလဒ်မှာ များပြားသည်။ သင် အတင်းအဖျင်းပြောပါက သင်နှင့် ပြောနေသူက ရိပ်မိမည်မှာ သူမရှိလျှင် သင် သူ့အကြောင်းပြောမည်ပင်ဖြစ်သည်။ ယင်းသည် ယုံကြည်မှုလျော့နည်းစေသည်။ လုပ်ဖော်ကိုင်ဖက်များကြား ပျိုးထောင်သင့်သည့် ဉာဉ်တစ်ခု မဟုတ်ပါ။ အတင်းအဖျင်းပြောခြင်းသည် ထွေရာလေးပါး ပြောခြင်းကို ပျင်းရိစွာပြုလုပ်ခြင်း ဖြစ်သည်။ နေ့လယ်စာစားပွဲတွင် တက်ကြွမှု ရှိစေရန် ဤသက်တမ်းရင့်ပြီဖြစ်သောနည်းလမ်းဖြင့် မီးထိုးပေးမည့်အစား သင် ကြိုတင်ပြီး ခေါင်းစဉ်တစ်ခုနှစ်ခု စဉ်းစားလာပါ။ အခြားသူတစ်ဦးမှ အတင်းအဖျင်း ပြောလာလျှင်  မည်သို့လုပ်ရမည်နည်း။ ဝေဖန်မှုဖြင့် မတုံ့ပြန်ပါနှင့်။ ထိုသူပြောသည်ကို အသိအမှတ်ပြုပြီး (သူကိစ္စက ခင်ဗျားကို စိတ်အနှောင့်အယှက် တကယ်ပေးနေတာပေါ့ဟုတ်လား) ချေငံစွာ ခေါင်းစဉ်ပြောင်းပစ်ပါ။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင်မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts