hapeye

အောင်မြင်မှုဟု ဆိုလိုက်တာနဲ့ ‘ပိုက်ဆံ’က မပါမဖြစ်သော အရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။ ဒီလိုပါဘဲ လူတွေရဲ့ နေ့စဉ်ဘဝမှာလည်း ပိုက်ဆံက အရေးကြီးတာကိုး။ လူသားတွေရဲ့ ဘဝမှာ ‘ဒုတိယ ဘုရားခင်’အဖြစ် တင်စားခြင်းကို ခံရတဲ့ ပိုက်ဆံနဲ့ ပတ်သက်ပြီး ‘သတိထား သိသင့်သောအရာ’ ကို Ayesay.com.mm မှ ဖော်ပြထားတာကို ဒီနေရာမှာ တင်ပြချင်ပါတယ်။
မူရင်းရေးသားချက်မှာ (Zawgyi)ဟု နာမည်လည်း တပ်ထားသဖြင့် ရေးသူဟာ (Zawgyi)လည်း ဖြစ်နိုင်ပါတယ်။

ပိုက်ဆံကို အရမ်းမသုံးသင့်သောနေရာ(၅)မျိုး

၁။ အီလက်ထရောနစ် ပစ္စည်းများ
    ယနေ့အခါ အီလက်ထရောနစ် ပစ္စည်းတွေဟာ ကျွန်တော်တို့ ဘဝအတွက် မရှိမဖြစ်အရာတွေဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေကို လိုအပ်တာထက်ပိုပြီး မဝယ်ယူသင့်ပါဘူး။ နေ့တိုင်း နေ့တိုင်း အသစ်အသစ်တွေ ထွက်ရှိလာတာကြောင့် ဖြစ်ပါတယ်။ ဒီတော့ အသစ်တွေထွက်တိုင်း မဝယ်ယူဘဲ သင့်တော်တဲ့ ပစ္စည်းတွေကို ဝယ်ယူရင်း အချိန်တစ်ခုထိ သုံးသင့်ပါတယ်။

၂။ အိမ်အလှဆင်ပစ္စည်းများ
    လူတိုင်းကတော့ ကိုယ့်အိမ်လေးကို လှချင်ကြတာဘဲ။ ဒါပေမဲ့ အခြားသူတွေရဲ့ အပြင်အဆင်တွေကိုတွေ့တိုင်း၊ စာအုပ်တွေထဲမှာ မြင်ရတိုင်း လိုက်လံပြောင်းလဲဖို့တော့ မကြိုးစားသင့်ပါဘူး။ တော်ရုံပဲ အသုံးပြုသင့်ပါတယ်။

၃။ Fancyလက်ဝတ်ရတနာများ
    လက်ပတ်နာရီနဲ့ အခြား Fancyပစ္စည်းများဟာ နေ့စဉ် ဘဝအတွက် လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအရာတွေကိုလည်း ချင့်ချိန်ပြီးမှ ဝယ်ယူသင့်ပါတယ်။

၄။ အသစ်အသစ်သော Fashionများ
    အရာရာတိုင်း အသစ်အသစ်တွေ ထွက်နေသလို ဒီ Fashion အသုံးအဆောင်တွေဟာလည်း ပိုလို့တောင် ထွက်ရှိနေပါသေးတယ်။ သဘောကျတိုင်း၊ အသစ်ထွက်တိုင်း အလွန်အမင်း ဝယ်ယူဖို့ မသင့်ပါဘူး။

၅။ ကားများ (ဆိုင်ကယ်များ)
    ကားတွေဟာလည်း အလွန်အမင်းဝယ်ယူသင့်တဲ့ အရာထဲမှာ မပါပါဘူး။ ဒီနေ့ဝယ်လိုက်တဲ့ ကားဟာ မနက်ဖြန်မှာ မော်ဒယ်အောက်သွားပါပြီ။ ကိုယ်ဝယ်စဉ်က ဈေးကြီးကြီးပေးဝယ်ခဲ့တဲ့ ဒီအရာတွေဟာ မစီးချင်လို့ ပြန်ရောင်းတဲ့အခါ အလွန်အမင်း ဈေးကျသွားတာ အားလုံးသိတဲ့ အတိုင်းပါပဲ။ ဒါ့ကြောင့် ဒီအရာတွေအတွက်လည်း ငွေအရမ်းကြီး မသုံးသင့်ပါဘူး။

ပိုက်ဆံသုံးသင့်သော နေရာ(၅)မျိုး

၁။ ပညာရေး
    ကျွန်တော်တို့ဘဝတွေဟာ တစ်ဆင့်ကနေတစ်ဆင့် တိုးတက်ဖို့အတွက် ကိုယ်နဲ့ သက်ဆိုင်တဲ့ ပညာအသီးသီးကို ကျွန်တော်တို့ လိုအပ်ပါတယ်။ တစ်ချို့သင်တန်းတွေဟာ ဈေးကြီးတယ်လို့ ထင်ရပေမဲ့ ကိုယ့်အတွက် လိုအပ်တယ်ထင်ရင် တက်သင့်ပါတယ်။ ဒီနေရာမှာတော့ ပိုက်ဆံကို ချွေတာနေဖို့ မလိုပါဘူး။

၂။ ခရီးသွားခြင်း
    ခရီးတစ်ခုသွားရင် ပိုက်ဆံတော်တော် ကုန်တတ်ပါတယ်။ ဒါပေမဲ့ ဒီလိုခရီးထွက်ခြင်းက စိတ်ကို အပန်းပြေစေတဲ့အပြင် ကုန်သွားတဲ့ ပိုက်ဆံထက်ပိုပြီး တန်ဖိုးရှိတဲ့ လွတ်လပ်လန်းဆန်းခြင်းနဲ့ ဒေသန္တရ ဗဟုသုတတွေ အတွေးအခေါ်တွေကိုပါ ရရှိစေနိုင်တဲ့အတွက် ဒီနေရာမှာလည်း ပိုက်ဆံကို သုံးဖို့လိုအပ်ပါတယ်။

၃။ ဂီတ
    ဂီတဆိုင်ရာ တူရီယာတစ်ခုခု တီးဖို့၊ သင်ကြားဖို့ ပဲဖြစ်ဖြစ်၊ သီချင်းခွေနဲ့ အခြားဂီတဆိုင်ရာ ပစ္စည်းတွေဝယ်တဲ့ နေရာမှာတော့ ပိုက်ဆံကို သုံးသင့်ပါတယ်။

၄။ စာအုပ်များ
    စာအုပ်တွေဟာ ရတနာတွေထက် ပိုပြီး တန်ဖိုးရှိပါတယ်။ ဒီစာအုပ်တွေထဲကနေ ကျွန်တော်တို့အတွက် အဖိုးအဖြတ်နိုင်တဲ့ သုတရသတွေ ရရှိတဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့် တန်ဖိုးရှိတဲ့ စာအုပ်တွေ ဝယ်ဖို့အတွက် သင့်ရဲ့ငွေကို သုံးလိုက်ပါ။

၅။ ကျန်းမာရေး
    ကျန်းမာရေးဟာ ကျွန်တော်တို့ဘဝအတွက် အရေးကြီးဆုံးအရာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခုခု တက်တာပဲဖြစ်ဖြစ်၊ ဆေးဝါးနဲ့ အခြားကျန်းမာရေးအတွက် အစားအစာ စားတာပဲဖြစ်ဖြစ်၊ ကျန်းမာရေးပစ္စည်းကို ဝယ်ယူတဲ့နေရာမှာလည်း အသုံးချသင့်ပါတယ်။

ငွေဆိုတာ
မသုံးသင့်တဲ့ နေရာမှာသုံးရင်
သုံးသင့်တဲ့ နေရာမှာ မသုံးဖြစ်ဘူး။
ဒီလိုပဲ
သုံးသင့်တဲ့ နေရာမှာသုံးရင်
မသုံးသင့်တဲ့ နေရာမှာ မသုံးဖြစ်တော့ဘူး။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။  

Related Posts