hapeye

လူငယ်တွေ မျှော်လင့်ချက်ပျောက်နေတဲ့ အကြောင်းအရင်းက

လူငယ်တွေ မျှော်လင့်ချက်ပျောက်နေတဲ့ အကြောင်းအရင်းက

ကျမတို့ လူငယ်တွေကို အားကိုးပါတယ်။ နောက်ပြီးတော့ လူငယ်အားကိုးတဲ့ အချိန်ထဲမှာလည်း ကျမတို့ လူငယ်တွေကို အားပေးစကားပြောချင်ပါတယ်။

လူငယ်တော်တော်များများဟာ ကျမသတိထားမိတာကတော့ မျှော်လင့်ချက် ပျောက်ဆုံးနေတဲ့ ပုံပေါက်တယ်။

မျှော်လင့်ချက် ပျောက်တယ်ဆိုတဲ့ အကြောင်းအရင်းကလည်း ကျမတို့ရဲ့ ပညာရေးစနစ်နဲ့ အများကြီး ဆက်နွယ်နေတယ်လို့ ကျမထင်ပါတယ်။

ဒီနိုင်ငံရဲ့ ပညာရေးစနစ်က လူငယ်တွေကို တကယ်ကို မိမိတို့ရဲ့ ဘဝကို ဆောက်တည် ပိုင်ခွင့်ပေးမယ့် အလုပ်ရအောင်လို့ အထောက်အကူ မပေးသေးဘူး။ ပြောရမယ်ဆိုလို့ရှိရင် ဘွဲ့သာရသွားမယ် အလုပ်မရတဲ့ အခြေအနေတွေ ဖြစ်နေကြတယ်။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts