hapeye

ရေချိုးရာတွင် ပြုပြင်သင့်သည့် အမူအကျင့်များ

“ ရေချိုးလိုက်တာကြောင့် relax ရရှိသွားနိုင်တဲ့ အတွက် လူတိုင်းလူတိုင်းဟာနေ့စဉ်ရေချိုးကြပါတယ်။ ရေချိုးတာကြောင့် စိတ်ဖိစီးမှုတွေ ကင်းဝေးနိုင်ရုံသာမက တစ်ကိုယ်ရေသန့်ရှင်းရေးလည်း ကောင်းမွန်ကာ ကျန်းမာစေနိုင်ပြီး လန်းဆန်းတက်ကြွမှုကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း သင့်နေ့စဉ်ရေချိုးရာမှာ အမှားတွေကို အမှတ်မထင် ပြုပြင်သင့်တဲ့အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။ “

ခြေထောက်ကို ကြေးမတွန်းခြင်း

သင့်အနေနဲ့ ရေချိုးစဉ်မှာ ခြေထောက်ကို ကြေးတွန်းဖို့အတွက် အခက်အခဲ ဖြစ်နေတာကြောင့် တစ်ပတ်တစ်ခါ
လောက်ပဲ ကြေးတွန်းဖြစ်နေပါသလား။ သင့်ခြေထောက်ကို နေ့စဉ်နေတိုင်း ဆပ်ပြာနဲ့သေချာ သေချာဆေးကြော
ပြီး ခြောက်သွေ့အောင်ထားနိုင်ပါမှ ခြေထောက်နဲ့ ခြေသည်းလက်သည်းအတွင်း မှိုပိုး ဒါမှမဟုတ် ဘက်တီးရီးယား
တွေ မဝင်ရောက်နိုင်အောင် ကာကွယ်နိုင်မှာပါ။ ရေချိုးအပြီးမှာ သင့်ခြေထောက်ကို သေချာခြောက်သွေ့အောင်
ပြုလုပ်ဖို့လည်း မမေ့ပါနဲ့။

ကြေးတွန်းဖတ် (Loofah) ကို ရေချိုးခန်းအတွင်း ချိတ်ဆွဲထားခြင်း

သင် ရေချိုးရာမှာ အသုံးပြုတဲ့ ကြေးတွန်းဖတ်ကို ရေချိုးခန်းထဲမှာ ချိတ်ဆွဲထားတာကလည်း မှားယွင်းတဲ့အပြု
အမူပါလို့ အရေပြားအထူးကုဆရာဝန် Dr.Sejal က ရှင်းပြပါတယ်။ ကြေးတွန်းဖက်ကိုအသုံးပြုပြီးတဲ့အခါမှာ
ခန္ဓာကိုယ်ထဲက ဆဲလ်သေတွေက သူ့ထဲမှာ စုဆောင်းမှုရှိနေတဲ့ အတွက် ဘတ်တီရီးယားတွေ ပေါက်ဖွားဖို့
အကောင်းဆုံးအနေအထားဖြစ်နေနိုင်တာကြောင့်ပါ။ ကြေးတွန်းဖတ် ကိုအသုံးပြုအပြီးမှာ သေချာသန့်စင်
အောင် ဆေးကြောပြီး လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့မယ့်နေရာမှာ ထားပေးပါ။

မျက်နှာသုတ်ပဝါဖြင့် ကြမ်းကြမ်းတမ်းတမ်းပွတ်ခြင်း

ရေချိုးအပြီးမှာ ခန္ဓာကိုယ်ပေါ်က ရေတွေ ခြောက်သွေ့ဖို့အတွက် မျက်နှာသုတ်ပဝါနဲ့ ကြမ်းကြမ်းတမ်းတမ်းပွတ်
တာကလည်း သင့်အရေပြားကို ကော်ပတ်စားလိုက်သလိုဖြစ်ပြီး အရေပြားပျက်စီးနိုင်ပါတယ်။ မျက်နှာသုတ်ပဝါ
နဲ့ဖွဖွလေးတို့သုတ်တာက မှန်ကန်တဲ့နည်းလမ်းပါ။

နေစဉ် ခေါင်းလျှော်ခြင်း

နေ့စဉ် ခေါင်းလျှော်တာက ဦးရေပြားမှာရှိတဲ့ သဘာဝဆီထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက်
ဆံသားခြောက်သွေ့နိုင်ပါတယ်။ ဆံပင်ပါး သူတွေအနေနဲ့ တစ်ပတ် နှစ်ကြိမ််သာ ခေါင်းလျှော်သင့်ပြီး ဆံသားထူပြီး
ဆံပင်ကောက်သားရှိသူတွေကတော့ တစ်ပတ်တစ်ကြိမ်သာ ခေါင်းလျှော်သင့်ပါတယ်။

ရေချိုးအပြီး အစိုဓာတ်ထိန်းခရင်မ် မလိမ်းခြင်း

ရေချိုးအပြီးမှာ အစိုဓာတ်ထိန်းခရင်လိမ်းဖို့ မေ့လျော့နေတာကလည်း အသားအရေခြောက်သွေ့ပြီးယားယံနိုင်
ပါတယ်။ အရေပြားအတွင်း ရေဓာတ်ပြည့်ဝနေအောင် ရေချိုးပြီးမှာ အစိုဓာတ်ထိန်းခရင်မ်လိမ်းသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်အပြီး ရေမချိုးခြင်း

လေ့ကျင့်ခန်းလုပ်အပြီးမှာ ရေချိုးတာက ခန္ဓာကိုယ်အနံ့အသက်ကင်းစင်ရုံ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။
ချွေးတွေကုန်စင်သွားအောင် ရေချိုးပေးရပါမယ်။ အရေပြားပေါ်မှာ ချွေးတွေရှိနေရင် ဘတ်တီးရီးယား  ဝင်ရောက်
ဖို့ လွယ်ကူသွားပြီး ဝက်ခြံပေါက်နိုင်ပါတယ်။

ရေချိုးချိန်ကြာလွန်းခြင်း

တချို့လူတွေက စိမ်ပြေနပြေ ရေချိုးတက်ပြီး လက်မှာ ပဲကြီးခွံတွန့်တဲ့အထိ ရေချိုးချိန်ကြာမြင့်တက်ပါတယ်။ ရေချိုးချိန်ကြာလွန်းတာကလည်း အရေပြားပေါ်မှာရှိတဲ့ အစိုဓာတ်တွေကို ဖယ်ရှားလိုက်သလိုဖြစ်သွားပြီး
အရေပြားခြောက်သွေ့ကာ ယားယံနိုင်ပါတယ်။ ရေချိုးချိန်က ၅ မိနစ်၊ ၁၀ မိနစ်ထက် ပိုမကြာသင့်ပါဘူး။

ဦးရေပြား(ဆံပင်အရင်း)တွင် ကွန်ဒိရှင်နာ အသုံးပြုခြင်း

ဒီလိုအသုံးပြုတာကလည်း မှားယွင်းပါတယ်။ မွေးညှင်းပေါက်မှ အဆီထုတ်လုပ်မှုတွေ ပိုများပြားလာနိုင်တဲ့
အတွက် ဦးရေပြားမှာ အဆီပြန်လာကာ ခဏလေး အတွင်း ဆံသားမှာ ကြေးပြန်တက်သွားနိုင်ပါတယ်။
ကွန်ဒီရှင်နာ(Conditioner) က ဆံအဖျားမှာသာ အသုံးပြုသင့်ပါတယ်။

ရေနွေးဖြင့် ရေချိုးအပြီး ရေအေးဖြင့် ရေပြန်မချိုးခြင်း

ရေနွေးနဲ့ ရေချိုးအပြီးမှာ စက္ကန့် ၃၀ လောက် ရေအေးနဲ့ ရေပြန်ချိုးသင့်ပါတယ်။ ဒီလိုရေအေးနဲ့ ရေပြန်ချိုး
ပါမှ စိတ်ဖိစီးမှုဒဏ်ကို ပိုမိုခံနိုင်တာ၊ ခုခံအားစနစ် မြင့်တက်လာတာ၊ စိတ်ကျဝေဒနာတွေ ကင်းစင်လာတာနဲ့
ခန္ဓာကိုယ်က အဆီလောင်ကျွမ်းနှုန်း ပိုမိုကောင်းမွန်တာတွေ ဖြစ်လာနိုင်ပါတယ်။

သင့်ဆံသားကို မျက်နှာသုတ်ပဝါဖြင့် ပတ်ထားခြင်း

ဒီအပြုအမှုကလည်း အကောင်းထက် အဆိုးက ပိုများပါတယ်။ ဆံသားကို မျက်နှာသုတ်ပဝါနဲ့ ပတ်ထားတာ
ကြောင့် ဆံပင်မခြောက်နိုင်ဘဲ ဆံပင်ရင်းတွေ ပျက်စီးနိုင်ကာ ဆံပင်ကျွတ်လွယ်နိုင်ပါတယ်။ မျက်နှာသုတ်ပဝါ
ကို ဦးခေါင်းပေါ်မှာ ရေကို အသာအယာညှစ််သုတ်ဖိုအတွက်သာ အသုံးပြုပါ။

ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက် ရှောင်ရန် အမှုအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts