ယှဉ်ပြိုင်မှုဥပဒေရဲ့ စည်းမျဉ်းသုံးရပ်

၁။ စီးပွားရေး လုပ်ငန်းတွေအကြား လွတ်လပ်တဲ့ ကုန်သွယ်မှုနဲ့ ယှဉ်ပြိုင်မှုကို တားဆီးပိတ်ပင်တဲ့ သဘောတူညီချက် သို့မဟုတ် လုပ်ဆောင် ကျင့်သုံးမှုအား တားဆီးခြင်း။ အဆိုပါ အချက်တွင် ထုတ်လုပ်သူများအဖွဲ့ ဖွဲ့စည်းပြီး ဈေးနှုန်းကို ထိန်းချုပ်တာ၊ ယှဉ်ပြိုင်မှုကို ကန့်သတ်တာတွေကြောင့် လွတ်လပ်တဲ့ကုန်သွယ်မှု ဖိနှိပ်တာလည်း ပါဝင်ပါတယ်။

၂။ ဈေးကွက်ကို လွှမ်းမိုးထားတဲ့ စီးပွားရေးလုပ်ငန်းကြီး တစ်ခုက လွဲမှားတဲ့ လုပ်ဆောင်ချက်နဲ့အမြတ်ထုတ်တာတွေ အဲဒီလိုလွှမ်းမိုးထားတာကို ဆက်လက်ပြီး ထိန်းထားနိုင်ဖို့အတွက် ယှဉ်ပြိုင်မှုမလုပ်နိုင်အောင်၊ စီမံဆောင်ရွက်တာတွေ မပြုလုပ်နိုင်အောင် တားဆီးတာ၊ ‌ဈေးကွက်ကိုထိန်းချုပ်လွှမ်းမိုးဖို့ လုပ်ဆောင်တယ်ဆိုတဲ့နေရာမှာ အမြတ်ထုတ်ပြီး ဈေးနှုန်းသတ်မှတ်တာ၊ စီးပွားရေးအရ ဆက်ဆံမှု မလုပ်ဆောင်တာတွေပါဝင်ပါတယ်။

၃။ ဖက်စပ်လုပ်ငန်း (Joint Ventures) တချို့နဲ့ ကြီးမားတဲ့ ကော်ပိုရေးရှင်းကြီးတွေပေါင်းစည်းတာတွေကို ထိန်းကွပ်ကြီးကြပ်မှု၊ ဈေးကွက်မှာ ယှဉ်ပြိုင်မှုအပေါ်ထိခိုက်စေမယ့် စီးပွားရေးလုပ်ငန်းပေါင်းစည်းမှုတွေကို ထိန်းချုပ်တာဖြစ်ပါတယ်။

ရှေ့နေ ဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှကောက်နုတ်ထားပါသည်။

စီးပွားရေး

Related Posts