hapeye

မှန်ကြီး၊ နံရံပေါ်မှမှန်ကြီး။

(Mirror, mirror on the wall)

ရှေ့ရေးသားချက်တွင် ဖော်ပြခဲ့သည့် မှန်လေ့ကျင့်ခန်း ပြုလုပ်သည့် ဧရိယာအချို့ကို ဖော်ပြပါသည်။

    သင်အစားလျှော့နေချိန်တွင် ဝိတ်တက်နေသူတစ်ဦးအားကဲ့ရဲ့ခြင်း။

    တစ်ဦးတစ်ယောက်၏ သဒ္ဒါအမှားကိုကဲ့ရဲ့ခြင်း။

    သင့်အစီအစဉ်ကို ဖျက်သိမ်းသူတစ်ဦးအပေါ် စိတ်ဆိုးခြင်း (ယခင်က သင်လည်း အခြားသူနှင့် ထိုကဲ့သို့ ဖျက်သိမ်းဖူးသည်၊ မဖျက်သိမ်းလျှင်ပင် မသွားဘဲနှင့် သွားခဲ့သည်)

    သင့်လုပ်ဖော်ကိုင်ဖက်မှ နေ့လယ်စာထွက်စားခြင်းကို မကျေမချမ်းဖြစ်ခြင်း (သင်ကတော့ သင့်ရုံးစာပွဲတွင် လွန်ကဲသည့် လုပ်ရန်ရှိ စာရင်းအတိုင်း လုပ်နေရ၍ လက်လှမ်းမီရာတစ်ခုခုကိုသာ အမြန်စားနေရသည်)။

    (သင့်စားပွဲကို ရှာမတွေ့လောက်အောင်ပင် ရှုပ်ပွနေသည့်အခါ) သင့်လုပ်ဖော်ကိုင်ဖက်၏ သန့်ရှင်းသေသပ်သောအလုပ်နေရာနှင့် စပ်လျဉ်းပြီး ထိုသူ မည်မျှထိုသို့ဖြစ်အောင် ထိန်းသိမ်းထားရှိသည်ကို ရယ်စရာပြောခြင်း။

စာရင်းကို ဆက်ပြောမည်ဆိုလျှင် ဆုံးမည် မဟုတ်ပါ။ သင့်ကို ‘စိတ်လှုပ်ရှားစေသောခလုတ်’ များကို ရှာပါ။အခြားသူများအကြောင်း သင့်ကိုယ်သင် ဘာပြောသည်ကို ဂရုထားပါ။ သင်တစ်ဦးတစ်ယောက်အကြောင်း ဆန့်ကျင်ဘက်တွေ့ခေါ်နေသည်၊ သို့မဟုတ် အမည်နာမတပ်ပြီး သမုတ်နေသည်ဆိုပါက သင့်ကိုယ်သင် ချက်ချင်းမေးပါ။ ‘ငါ ဒါမျိုးကို ငါ့ဘဝမှာ ဘယ်တုန်းက လုပ်ဖူးလဲ’။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts