မေတ္တာ

မေတ္တာ ကရုဏာ မုဒိတာ

ပညာရှိတဲ့ ပုဂ္ဂိုလ်တွေက ဘာပြောတုန်းဆိုတော့ အမှားကို လက်မခံနဲ့တဲ့။ ဒါပေမဲ့ အမှားလုပ်တဲ့သူကို မေတ္တာထားပါ။

၁.၁၁.၂၀၁၈/ မန္တလေးတက္ကသိုလ်

သူများကို နစ်နာစေတဲ့ စေတနာတွေ မရှိဘူးဆိုရင် လုံလောက်ပြီ။ သူများကို တမင်သက်သက် ကိုယ်ကြိုက်အောင် လိုက်လုပ်နေဖို့ မလိုဘူး။ သူများအပေါ် ကိုယ်က ကြင်နာတဲ့စိတ် မေတ္တာစိတ်ရှိရင် ဒါတော်ပြီ။

၅.၁၀.၂၀၁၈/ (USA)

ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ပြီးတော့ ကိုယ့်ဟာကို မုဒိတာဖြစ်ပါ။ မုဒိတာဖြစ်အောင် ခဏခဏ ပြန်တွေးပါ။ မုဒိတာပွားနိုင်ရင် ဘဝမှာရှိတဲ့ ပစ္စည်းတွေ အဆပေါင်းများစွာ တန်ဖိုးတက်လာတယ်။ မုဒိတာမပွားနိုင်ရင် မိမိလက်ထဲမှာရှိတဲ့ ပစ္စည်းဥစ္စာတွေ အဆပေါင်း မြောက်မြားစွာ တန်ဖိုးကျသွားတတ်တယ်။

၁၉.၄.၂၀၁၉/ (စင်ကာပူ)

ကရုဏာရှိတဲ့လူက Positive Thinking – အကောင်းမြင်ဝါဒရှိတဲ့ လူဖြစ်တယ်။ မုဒိတာရှိတဲ့ လူကလည်း Positive Thinking ရှိတဲ့လူ ဖြစ်တယ်။ မေတ္တာရှိတဲ့လူကလည်း Positive Thinking ရှိတဲ့လူဖြစ်တယ်။ ရှိတဲ့ပြဿနာ ဖြေရှင်းနိုင်တယ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်ကို Positive Thinking ရှိတယ်လို့ ခေါ်တာ။ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ အပေါ်မှာ အခြေပြီးတွေးလို့ပါ။

၁၇.၁.၂၀၁၉/ မြစ်ကြီးနား

အဆင်မပြေတဲ့အခါမှာ ကရုဏာ ထားပါ။
အဆင်ပြေတဲ့အခါမှာ မုဒိတာ ထားပါ။
အဆိုးလောကဓံနဲ့ တွေ့တဲ့အခါမှာ ကရုဏာ ထားပါ။
အကောင်းလောကဓံနဲ့ တွေ့တဲ့အခါမှာ မုဒိတာ ထားပါ။
တစ်နေ့ကို (၃)မိနစ်လောက် မုဒိတာ ကရုဏာ လုပ်နိုင်ရင် စိတ်ဖိစီးမှု Stress တွေ တစ်ဝက်လောက် ကျသွားလိမ့်မယ်။

၇.၆.၂၀၁၈/ ပညာရေးဌာန၊ နေပြည်တော်

အောက်စဖို့ဒ်ဆရာတော် ရေးသားထားသော ဘဝနှင့်စိတ်ပိုင်းဆိုင်ရာ ဓမ္မအတွေးအမြင်များ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#OpenYourBusinessOnline

Related Posts