ကမ္ဘာ့ဘက်စကတ်ဘောကစားသမားကြီး မိုက်ကယ်ဂျော်ဒန် ဟာ သူနာမည်မကြီးခင် အထက်တန်းကျောင်းသားဘဝက ကျောင်းဘက်စကတ်ဘောအသင်းက အထုတ်ခံရပီးတဲ့နောက် အိမ်သို့ပြန်ပြေးလာပြီး အခန်းတံခါးချက်ချကာ တစ်ယောက်တည်း ငိုခဲ့ဖူးပါတယ်တဲ့။ NBA ပြိုင်ပွဲမှာ ဝင်ဆော့တော့လည်း ပထဆုံး လူသိခံရဖို့ ခုနှစ်နှစ်ကြာ ကြိုးစားခဲ့ရပါတယ်။ လူတွေက သူ့ကို ဂိုးလဲမသွင်းနိုင်၊ ခံစစ်လဲ မကစားနိုင်ဘူးလို့ ဆိုကြတယ်။ ၁၉၉၅ ခုနှစ် သူပျောက်ကွယ်သွားစဉ်တုံးက ဝေဖန်သူတွေက သူ့ဘဝဆုံးပီလို့တောင် ထင်ကြတယ်။ အဲဒီဝေဖန်သံ၊ ကဲ့ရဲ့သံတွေက မိုက်ကယ်ဂျော်ဒန် ကို ထပ်ကာထပ်ကာအောင်မြင်ဖို့ တွန်းအားပေးနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဘက်စကတ်ဘော ကစားသမားဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။
အရှုံးက ငါ့ကိုဘာပေးလဲ၊ မင်း မမြင်တဲ့အခါ ။
မင်းသိတာ ငါ့အမှားပေါ့။
အဲ့ဒီအရှုံးက ငါ့ကို ပြန်လည်ကြိုးစားဖို့
ခွန်အားတွေ ပေးခဲ့တာ
-မိုက်ကယ်ဂျော်ဒန် –
ဆရာ အောင်စည်သာ ရေးသားထားသော လုံးဝလက်မလျှော့လိုက်ပါနဲ့ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။