အကြောင်း

မိမိသည် “ အကြောင်း ” ဖြစ်ပါစေ၊ “အကျိုး” မဖြစ်ပါစေနှင့်

အခြားသော သူများအား တွန်းအားပေးရာတွင် ကျွမ်းကျင်သူတစ်ဦးက မေးခွန်းနှစ်ခု မေးလေသည်။ 
“ ကျွန်တော်တို့ ဘာဖြစ်လာအောင် အကြောင်း ဖန်တီးချင်ကြတာလဲ” နှင့် “ကျွန်တော်တို့ ဘာထွက်ပေါ်စေချင်တာလဲ” ဟူ၍ ဖြစ်လေသည်။ 


ဤမေးခွန်းနှစ်ခုမှာ စီမံခန့်ခွဲရေး လုပ်ဆောင်နေသူများ အမေးသင့်ဆုံး မေးခွန်းများပင် ဖြစ်ကြသည်။ လူအများကို စီမံခန့်ခွဲနေကြသူ အများစုမှာ မိမိတို့ ဘာဖြစ်လာအောင် လုပ်နေကြတာလဲဟူသော အတွေးမျိုးကို မတွေးဘဲ မိမိတို့ ဘာတွေဖြစ်နေကြတာလဲ ဟူသော အတွေးကိုသာ တွေးတတ်ကြသည်။ အထက်ပါ မေးခွန်းနှစ်ခုကိုသာ မေး၍ အဖြေ မထုတ်ကြသောကြောင့် စီမံခန့်ခွဲရေးတွင် အခက်အခဲများ ကြုံကြရသည်။


မိမိသည် အကြောင်းဖြစ်စေသူတစ်ဦးဟု လူအများက မြင်ကြလျှင် ထိုသူများအား မိမိတွေးသလိုမျိုး တွေးလာစေရန် သင်ကြားပေးဖို့ မခက်ပါ။ ထိုသူများ ပင်ကိုသိမြင်ထားသည်များထက် ကျော်လွန်၍ လှုပ်ရှားလုပ်ဆောင်လာစေရန် အကြောင်း ဖန်တီးလာနိူင်ပေလိမ့်မည်။


ဤကဲ့သို့ ဖြစ်ပျက်လာစေရန် အကြောင်းများ ဖန်တီးနိူင်သည်။ သို့သော်လည်း မိမိကိုယ်တိုင်လည်း အကြောင်းဖြစ်စေသူကား၊ ဝေဖန်သူလား၊ မည်သို့သော အမျိုးအစားတွင် ပါဝင်သနည်း ဆိုသည်ကို အမြဲတစေ ဆန်းစစ်နေဖို့ လိုသည်။


ကျွန်တော်တို့ ဘာဖြစ်လာသင့်သည်ဟူသော အတွေးမျိုးကို မတွေးဘဲ ကြိုးစားပါက ကျွန်တော်တို့ တကယ်ဖြစ်လာသည်များသည် အံ့အားသင့်စရာကောင်းလှသည်။ ကျွန်တော်တို့သည် မိမိတို့၏ အားနည်းချက်များ၊ ပြင်ပ အန္တရာယ်များကို မတွေးတောဘဲ နေပါက ဖွံ့ဖြိုးပြောင်းလဲပြီး တိုးတက်လာသည်ကို အံ့အားသင့်ဖွယ် တွေ့ရသည်။ စတိဗ်ရေးသားသော The Story of You စာအုပ်မှာ အခြားလူများအား တွန်းအားပေးနည်း သင်တန်းများမှ ထွက်ပေါ်လာသော ရလဒ်များကို တင်ပြထားခြင်း ဖြစ်သည်။


လွန်ခဲ့သည့် နှစ်အနည်းငယ် အကြာက နီးလ်ဒေါ်နယ်ဝေါ့လ်ရှ် ရုက်မြင်သံကြားမှ ပြောသည့် စကားများမှာ စိတ်အားတက်စရာများပင် ဖြစ်သည်။ ဝေါ့ရှ်ကပြောသည်မှာ “ ကိုယ်က ဆုံးဖြတ်ချက်ချလိုက်တိုင်း အဲ့ဒီဆုံးဖြတ်ချက်ဟာ ဘာလုပ်ရမယ်ဆိုတာထက် ကိုယ်က ဘယ်လိုလူမျိုးဆိုတာကို ပြတာပဲ။ ဒီအချက်ကို သိမြင်ရင်၊ နားလည်ရင် အားလုံးပြောင်းလဲသွားလိမ့်မယ်။ ကိုယ့်ရဲ့ဘဝကို အမြင်တစ်မျိုးနဲ့ မြင်လာလိမ့်မယ်။ အဖြစ်အပျက်တွေ၊ အခြေအနေတွေ အားလုံးဟာ ကိုယ့်အတွက် အခွင့်အရေးတွေ ဖြစ်လာလိမ့်မယ်” ဟူ၍ပင်ဖြစ်သည်။

မိမိသည် အကြောင်းအခြင်းအရာများ ဖြစ်လာစေသူ၊ အကြောင်းများ ဖန်တီးသူတစ်ဦး ဖြစ်လာပါက အခြားသော သူများနှင့် များစွာ ကွဲပြားသွားလိမ့်မည်။ ဤကဲ့သို့ဖြစ်စေရန်လည်း အမြဲတမ်း လွယ်ကူချောမွေ့နေမည် မဟုတ်။ မန်နေဂျာအများစုသည် အခြားလူများအတိုင်း စီမံခန့်ခွဲတတ်ကြသည်။ ဤကဲ့သို့ ပြုမူပါက မိမိဖြစ်လာသင့်သည်များ ဖြစ်မလာတော့၊ အခွင့်အရေးများ လက်လွတ်ဆုံးရှုံးရတော့မည်။ အတွေးအခေါ်ပညာရှင် အာသာရှိုပင်ဟောင်ဝါ ပြောသည့်စကားအရ “ ကျွန်တော်တို့သည် အခြားသူများ လုပ်သည့်အတိုင်း လိုက်၍လုပ်ပါက ကျွန်တော်တို့ ဖြစ်လာသင့်သည်များ၏ လေးပုံသုံးပုံကို လက်လွတ်ဆုံးရှုံးခြင်းပင် ဖြစ်သည်” ဟူ၍ မှတ်သားရမည် ဖြစ်သည်။ 

ရဲညွှန့် (မဟာဝိဇ္ဇာ၊ နိူင်-ဆက်) ရေးသားထားသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း ၁၀၀

Related Posts