သန့်စင်ခြင်း။

မာန်မာနနှင့် မလိုမုန်းထားကို သန့်စင်ခြင်း။

မာန်မာနနှင့် မလိုမုန်းထားကို သန့်စင်ခြင်း။ (Pride and Prejudice purified)ဤအတွေးကို ယနေ့ကျန်ရှိသည့်အချိန်၌ သင့်စိတ်တွင်ထားပါ။

သင်လူတစ်ဦးနှင့် အပြန်အလှန်တုံ့လှယ်သည့်အခါတိုင်း သင့်စိတ်တွင် ထိုတုံ့လှယ်မှုနှင့်စပ်လျဉ်းပြီး ထိုသူအကြောင်းနှင့် ထိုအနေအထားအကြောင်း သင်အကုန်မသိထားသေးဟု ယူဆပါ။ မေးခွန်းများမေးပါ။ နားထောင်ပါ။ သင် ကောက်ချက်ချသည့်အခါ ဆန့်ကျင်ဘက်ဆိုင်ရာ အထောက်အထားကိုရှာပါ (ဖီလာအထောက်အထားဟု ခေါ်သည်။)

ဥပမာ- လုပ်ငန်းဆိုင်ရာ အဖွဲ့တစ်ဦးသည် အဖွဲ့အတွက်အကျိုးမရှိဟု သင်ကောက်ချက်ချမိလျှင် ကျန်အဖွဲ့ဝင်များအား ထိုသူအနေဖြင့် အဖွဲ့အတွက် ထူးခြားစွာ ပူးပေါင်းဆောင်ရွက်မှုရှိခဲ့သည့်အထောက်အထားကို တင်ပြစေပါ။

နောက်နမူနာတစ်ခုမှာ သင့်ဌာနတွင် သင် သည်းမခံနိုင်သူတစ်ဦး ရှိပါသလား။ ထိုသူ့ထံတွင် သင်နှစ်သက်သောအချက်များ၊ သင့်နှင့်တူသောအချက်များကို ရှာဖွေပါ။ အခြေခံတူညီမှုကိုရှာပါ။

သင်လုပ်ရမည်မှာ သင်၏ တစ်ဖက်စောင်းနင်းရှိမှုကို ဖျောက်ဖျက်ရန်သာဖြစ်သည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts