ဘဝနေနည်း

ဘဝ နေနည်း အနုပညာ

ဘဝ နေနည်း နှင့်ပတ်သတ်၍ လေ့လာကျင့်သုံးသင့်သော အဓိကအချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ကျန်းမားရေးကို အထူးဂရုစိုက်ပါ။
၂။ စိတ်ကောင်းထားပါ။
၃။ အကောင်းမြင်စိတ် မွေးပါ။
၄။ မလိုအပ်ဘဲ စကားများများပြောခြင်း ရှောင်ပါ။
၅။ နည်းနည်းပြော ပြီး၊ များများနာထောင်ပါ။
၆။ စိတ်ပါလက်ပါ နားထောင်ပါ။
၇။ အကျိုးမရှိ ငြင်းခုန်ခြင်းကို ရှောင်ပါ။
၈။ တွေ့တဲ့သူတိုင်းကို ဆုံးမသြဝါဒပေခြင်း ရှောင်ပါ။
၉။ မိမိရဲ့ လျှို့ဝှက်ချက်ကို ဘယ်လောက်ရင်းနီးတဲ့သူဖြစ်ဖြစ် မပြောပါနဲ့။
၁၀။ အပေါင်းအသင်း အရမ်းမခုန်မင်ပါနဲ့။
၁၁။ တစ်ယောက်တည်းနေတတ်အောင် ကြိုးစားပါ။
၁၂။ ဘယ်အရာမှ မူသေချည်း မတွက်ပါနဲ့။
၁၃။ အားနာတတ်တဲ့ အကျင့်ကို ပြင်ပါ။
၁၄။ သူများအားကိုးတဲ့စိတ်ကို ဖျောက်ပါ။
၁၅။ ရှိသင့်ရှိထိုက်တဲ့ မာနလေးတော့ ထားပါ။
၁၆။ အကျိုးမရှိရင် မှန်လည်း မပြောပါနဲ့။
၁ရ။ လူတွေကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင်ကြိုးစားပါ။
၁၈။ သင်ယူတတ်တဲ့ အလေ့အကျင့်မွေးပါ။
၁၉။ သူများအမှားကိုကြည့်ပြီး သင်ခန်းစာ ယူပါ။
၂၀။ သည်းခံပါ အတိုင်းအတာတစ်ခုထိ။
၂၁။ ဘယ်လောက်ပဲ မှန်နေတဲ့စကား ဖြစ်ပါစေ ဒေါသနဲ့မပြောပါနဲ့။
၂၂။ မေတ္တာဖြင့် ပြောဆိုဆုံးမပါ။
၂၃။ လူတွေကို အတတ်နိုင်ဆုံးကူညီပါ။( မျှော်လင့်ချက်မထားပါနဲ့)
၂၄။ ပတ်ဝန်းကျင်ကို လိုအပ်တာထက်ပိုပြီး ဂရုမစိုက်ပါနဲ့။
၂၅။ အလုပ်ကြိုးစားပါ မပျင်းပါနဲ့။
၂၆။ အသိပညာ ဗဟုသုတကို အမြဲတမ်းလေ့လာ့ ဆည်းပူးပါ။ ( သူများထက် ခေါင်းတစ်လုံးမြင့်နေပါလိမ့်မယ်)။
၂ရ။ ကိုယ်သိ ကိုတတ်တိုင်း လျှောက်မပြောပါနဲ့။( လူတွေအမြင်ကတ်တယ် )
၂၈။ ပိုက်ဆံ စုပါ ။ ( အသက်ကြီးလာရင် ရှာဖို့မလွယ်ဘူး)
၂၉။ ခရီးထွက်ပါ။
၃၀။ စူးစမ်းပါ မစပ်စုပါနဲ့။ ( စူးစမ်းတာက အကျိုးရှိတယ်၊ စပ်စုတာက အကျိုးမရှိပါ)
၃၁။ ခံစားချက်နောက်ကို အရမ်းမလိုက်ပါနဲ့။ (ဆိုးတာဖြစ်ဖြစ်၊ ကောင်းတာဖြစ်ဖြစ်)
၃၂။ ကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံပါ။ (သူတို့တွေရဲ့ ဖြူစင်မှုတွေက သင့်ကိုပျော်ရွှင်စေပါလိမ့်မယ်)
၃၃။ အနေကောင်းဖို့ပဲ မစဉ်းပါနဲ့၊ အသေကောင်းအောင်လည်း ကြိုးစာပါ။
၃၄။ စာဖတ်ပါ။ လောကကြီးနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ စာအုပ်စာပေက သင်ကြားပေးလိမ့်မယ်။


Crd original writer

အတွေးအခေါ်စာစုလေးများမှ ကောက်နှုတ်ထားပါသည်။

အတွေးအခေါ်

OpenYourBusinessOnline

Related Posts