ဘယ်လိုတိုးတက်ကြီးပွားချင်တာလဲ

ဘယ်လိုတိုးတက်ကြီးပွားချင်တာလဲ

“ငါ့မှာက သူများတွေလို အင်္ဂလိပ်စာလည်း မတတ်ဘူး။ ဘွဲ့ဆိုလည်း မရခဲ့ဘူး။ ဒီတစ်သက်တော့ အောင်မြင်မယ် မထင်တော့ပါဘူးကွာ” ဆိုပြီး သူငယ်ချင်းတစ်ယောက်က သူ့အာားနည်းချက်တွေကို ရင်ဖွင့်လာပါတယ်။ အင်္ဂလိပ်စာ မတက်တိုင်း၊ ဘွဲ့မရတိုင်း ဘဝမှာ လူ့ချမ်းသာတစ်ယောက် မဖြစ်နိုင်တော့ဘူးလား။

ဒီနေ့ခေတ်မှာ အင်္ဂလိပ်စာမတက်ဘဲနဲ့ အောင်မြင်နေတဲ့လူတွေ အများကြီးရှိသလို၊ ဘွဲ့မရဘဲနဲ့ (ဘီလ်ဂိတ်တို့ကို၊ မက်ခ်ဇူကာဘတ်တို့လို) ချမ်းသာနေတဲ့သူတွေလည်း တစ်ပုံတစ်ပင်ပါပဲ။

ဒါဆို ဥပမာတစ်ခု မေးကြည့်ရအောင်။
ဟိမဝန္တာတောနက်ကြီးထဲမှာ ကိုယ်ခန္ဓာအကြီးဆုံးကတော့ ဆင်ပါ။ အပြေးမြန်ဆုံး သတ္တဝါကတော့ ကျားသစ်ပါ။ အရပ်ရှည်ဆုံး သတ္တဝါကတော့ သစ်ကုလားအုတ်ပါဘဲ။

ဒါပေမဲ့
တောသုံးတန်၊ တောင်သုံးတန်ကို အုပ်ချုပ်နေတဲ့ သတ္တဝါက ဆင်လည်းမဟုတ်သလို၊ ကျားသစ်လည်း မဟုတ်ဘူးနော်။ အားလုံးသိတဲ့ တောဘုရင်က ခြင်္သေ့ပါပဲ။ ခြင်္သေ့ဟိန်းလိုက်မယ်ဆိုရင် ကျန်တဲ့အကောင်တွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြတယ်။
အံ့ဩစရာ မကောင်းဘူးလားဗျာ။

ခြင်္သေ့က ဆင်လောက်လည်း အကောင်မကြီးသလို၊ ကျားသစ်လောက်လည်း အပြေးမမြန်ပါဘူး။ သစ်ကုလားအုတ်ကြီးလိုလည်း အရပ်မြင့်ဖို့ နေနေသာသာ ခြင်္သေ့တစ်ကောင်ဟာ အရပ်လေးပေထက်မပိုပါဘူး။ ခြင်္သေ့မှာ သူများတွေရှိတဲ့ အားသားချက်တွေ မရှိဘဲနဲ့ ဘာလို့ တောဘုရင်ဖြစ်နေတာလဲ။ ခြင်္သေ့ဟာ ရဲစွမ်းသတ္တိ အပြည့်ရှိတယ်။ သူ့ရှေ့မှာဖြတ်သွားတဲ့ ဘယ်သတ္တဝါမဆို အကောင် ဘယ်လောက်ကြီးကြီး ဂရုမစိုက်ဘူး။ အကုန်လုံးဟာ သူ့သားကောင်ပဲ။

လမ်းလျှောက်တာကအစ ရုံကြည်မှုအပြည့်နဲ့ လျှောက်တယ်။ အားသွန်ခွန်စိုက် ရုန်းကန်တယ်။ ဘယ်လိုအန္တရာယ်မျိုးပဲ ကြုံလာပါစေ၊ အကုန်လုံးရင်ဆိုင်မယ်ဆိုတဲ့ သတ္တိမျိုးရှိတယ်။

ကဲ … တောဘုရင်ခြင်္သေ့ကို သင်ခန်းစာယူပြီးတော့ ကျွန်တော်တို့တွေလည်း ဘာတွေလုပ်နိုင်မလဲ။
အင်္ဂလိပ်စာ ကျွမ်းကျင်တာတွေ၊ ဘွဲ့ ဒီဂရီအားသားချက်တွေ မရှိရင်လည်း နေပါစေတော့၊ တကယ်တမ်း လိုအပ်တာက အနိုင်မခံ အရှုံးမပေးစိတ်ဓာတ် ရဲစွမ်းသတ္တိ ယုံကြည်ချက်တွေရယ်ပါ။

အခက်အခဲတွေဆိုတာ
ရပ်တန့်ဖို့
အချက်ပြနေတာ မဟုတ်ဘူး။
သင်ယူဖို့ လမ်းပြနေတာ။

 သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts