ဖိစီးမှုနှင့် ရိုးစင်းမှု။

ဖိစီးမှုနှင့် ရိုးစင်းမှု။

(Stress and Simplicity)

ဖိစီးမှုတိုက်ဖျက်ရာတွင် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ သင့်အလုပ်ကမ္ဘာတွင် ပရမ်းပတာဖြစ်ခြင်းနှင့် ခက်ခဲရှုပ်ထွေးခြင်းတို့ကို ပေါင်းသင်းရန် ဖြစ်သည်။ အောက်တွင် အီလိန်းစိန့်ဂျိမ်းစ်မှ ကိုးကားချက်တစ်ခုကို ဖော်ပြပါမည်။ အီလိန်းသည် သင့်ဘဝကို ရိုးစင်းအောင်လုပ်ပါ ဆိုသည့် အရောင်းသွက်စာအုပ်များကို စာရေးသူဖြစ်သည်။
 

‘ရှုပ်ထွေးနေသောဘဝတစ်ခုကို ဆုပ်ကိုင်ထားခြင်းသည် ထိုဘဝကို တိုးတက်ကောင်းမွန်အောင်လုပ်ခြင်းမှ ရှောင်တိမ်းရန် ပြောင်မြောက်သော နည်းလမ်းတစ်ခုဖြစ်သည်’။

သင် အလုပ်နေ့တစ်နေ့ကုန်ဆုံးချိန်တွင် သင့်အချိန်များ ဘယ်ရောက်သွားသနည်းဟု မသေမချာ ဖြစ်နေပါသလား။ သင် အလုပ်ရှုပ်နေခဲ့သည်ကို သင်သိသည်။ သို့သော် သင်ဘာဖြစ်ထွန်းခဲ့သည်ကို မသိပါ။ ထိုမေးခွန်း၏ အဖြေသည် ‘ဟုတ်ပါတယ်’ ဖြစ်လျှင် သင့်အလုပ်ဘဝသည် အလွန်ရှုပ်ထွေးနေပေသည်။ ထိုရှုပ်ထွေးမှုသည် အာရုံပျက်ပြားမှုများ၊ သင်၏တုံ့ပြန်လှုပ်ရှားမှုများကို ဖန်တီးကာ ယင်းသည် နောက်ခံငြီးငွေ့ဖွယ် ဟိန်းသံတစ်ခုအဖြစ် အမြဲရှိနေပြီး သင့်အနေဖြင့် စီမံကိန်းချခြင်း၊ တွေးခေါ်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ပြုလုပ်ရန် အချိန်လုံးဝမရှိတော့ပါ။

အာရုံပျက်ပြားမှုများ လျော့ပါးစေရန်နှင့် သင့်အလုပ်ဘဝကို ရိုးစင်းစေရန် စိန့်ဂျမ်း၏ အကြံပြုချက်အချို့ကို စမ်းသပ်ကြည့်ပါ။

‘ဒီလှုပ်ရှားမှုက ငါ့ရဲ့လုပ်ငန်းစဉ်ကို ဦးတည်ချက်ရှိစေမလား၊ ရိုးစင်းစေမလား’ ဆိုသည့်မေးခွန်းကို သင့်ကိုယ်သင် မေးနေပါ။

‘ငါ့ဘဝကို ရှုပ်ထွေးအောင် အများဆုံးလုပ်နေတဲ့အရာက ဘာလဲ’ ဟု မေးပါ။

သင့်ပရောဂျက်တစ်ခုကို ပြီးစီးအောင် ဆောင်ရွက်နိုင်မည့် အချိန်ကို ခန့်မှန်းပါ။ ထို့နောက် နှစ်ဆတွက်ပါ။

မြနှင်းဆီ ဘာသာပြန် ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts