ပန်းပုဆရာကြီး မိုက်ကယ်အိန်ဂျလို (Michelangelo)အကြောင်းကို လူပြော သူပြောများပါတယ်။

မိုက်ကယ်အိန်ဂျလို ဧရာမပန်းပုရုပ်ကြီးတစ်ရုပ်ကို ထုတဲ့အကြောင်းပါ။ မိုက်ကယ်အိန်ဂျလို ပန်းပုရုပ်ကြီးကို လက်စွမ်းပြထုလုပ်ပြီးသွားတဲ့အခါ အရုပ်ရဲ့နောက်ကျောဘက်မှာရှိတဲ့ အင်္ကျီကြယ်သီးနေရာကလေးကို အသေးစိတ် လက်စွမ်းပြပြီး မွမ်းမံထုလုပ် လက်စသတ်နေခဲ့ပါလေသတဲ့။ ဒါကို လာကြည့်နေတဲ့ အနီးက လူတစ်ယောက်က ပန်းပုဆရာကြီးရဲ့ ခက်ခဲပင်ပန်းမှုကို ကရုဏာသက်တာကြောင့် ဘယ်သူကမှ မမြင်နိုင်တဲ့ နောက်ကျောက ကြယ်သီးကို သေသေချာချာ ထုမနေသင့်ကြောင်းနဲ့ ဒီအတိုင်း ထားပစ်လိုက်သင့်ကြောင်း အကြံပေးလာပါတယ်။

မိုက်ကယ်အိန်ဂျလို ပြန်ပြောပုံက လှပါတယ်။ ဘယ်သူသိသိ မသိသိ ကျုပ်သိနေတယ်တဲ့။

အင်္ဂုတ္တရနိကာယ်၊ အဓိပတေယျသုတ်မှာလာတဲ့ ‘မကောင်းမှုသူ၏ ဆိတ်ကွယ်ရာအရပ်မည်သည် လောက၌မရှိ၊ မှန်သည်လည်းဖြစ်စေ၊ မှားသည်လည်းဖြစ်စေ၊ အကြင်အမှုကို သင်ပြု၏။ ထိုသင်ပြုသောအမှုကို သင်ကိုယ်တိုင်ကမူ သိ၏’ ဆိုတဲ့ တရားအတိုင်းပါပဲ။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ မောင်သာချို၏ အမှိုက်မချတာလည်း သီလ၊ ရေခလုတ် မီးခလုတ်ပိတ်တာလည်း သီလ ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts