ဂျင်စင်း

ပင်လယ်စာ ဂျင်စင်း

ပင်လယ်စာ ဂျင်စင်း

ပါဝင်ပစ္စည်းများ

  • ဂျင်စင်းမြစ် – သုံးပင်
  • ပုဇွန် – ဆယ်ကောင်
  • ကနုကမာ – တစ်ဆယ်ကျပ်သား
  • ပြည်ကြီးငါး – ဆယ်ကောင်
  • ကြက်ရိုးပြုတ်ရည် – ပန်းကန်လုံးငါးလုံးစာ
  • မှိုကြီးခြောက် – ဆယ်ပင်
  • မုန်လာဥဖြူ – သုံးဥ
  • ပဲလိပ် – တစ်ချပ်
  • ကြက်သွန်မြိတ် – သုံးပင်
  • ချင်း – တစ်တက်
  • သကြား – အနည်းငယ်
  • ဆား – အနည်းငယ်
  • ငရုပ်ကောင်း – အနည်းငယ်
  • နှမ်းဆီ – နှစ်ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

* ဂျင်စင်း မြစ် ကိုရေဆေးပါ။ ပုဇွန်ကို အခွံသင်ပြီး သကြား၊ ဆားနယ်ပါ။ ကနုကမာနဲ့ပြည်ကြီးငါးကိုပြုတ်ထားပါ။ မှိုကြီးခြောက်ကို ၂၀မိနစ်ခန့်ရေစိမ်ထားပါ။ ပဲလိပ်ကိုလည်း ၂၀မိနစ်ခန့်ရေစိမ်ပြီး အမြှောင်းကလေးများလှီးထားပါ။ ချင်း ဓားပြားရိုက်ထားပါ။

*မုန်လာဥဖြူများကို အခွံသင်ပြီး အတုံးကလေးများ လှီးဖြတ်ထားပါ။ အရိုးပြုတ်ရည်ထဲသို့ ကမာနှင့်ပြည်ကြီးငါးများထည့်၍ပြုတ်ပါ။ ၎င်းအထဲသို့ မှိုကြီးခြောက်နှင့်ပဲလိပ်ထည့်ပါ။ မုန်လာဥဖြူနှင့်ချင်းတို့ပါထည့်ပါ။ ပွက်ပွက်ဆူလာလျှင် ပုဇွန်များထည့်ပါ။ အရသာအတွက်
ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်ခပ်ပါ။ ဟင်းအိုးချခါနီးတွင် နှမ်းဆီလေး အပေါ်မှထည့်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ် ပိုင်းဖြတ်ပြီး အုပ်၍ သုံးဆောင်ပါ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts