ပင်လယ်စာဟင်းချို

ပင်လယ်စာဟင်းချို

ပါဝင်သောပစ္စည်းများ

  • ပင်လယ်ဂုံး – အကောင်နှစ်ဆယ်
  • ပင်လယ်ခရု – အကောင်နှစ်ဆယ်
  • ပြည်ကြီးငါး – ဆယ်ကောင်
  • ဂဏန်း – သုံးကောင်
  • ပုဇွန် – ဆယ်ကောင်
  • မုန်လာဥဖြူ – လေးဥ
  • မုန်လာဥနီ – နှစ်ဥ
  • မှို – တစ်ဘူး
  • ကိုးရီးယားမုန်ညင်း – ငါးပင်
  • အရိုးပြုတ်ရည် – လိုသလောက်
  • ချင်း – တစ်တက်
  • ကြက်သွန်ဖြူ – နှစ်ဥ
  • ချီလီဆော့စ်(သို့)ငရုတ်သီးအနှစ်- နှစ်ဇွန်း
  • ခရမ်းချဉ်သီး – သုံးလုံး
  • ကြက်သားမှုန့် – လိုသလောက်
  • ကြက်သွန်မြိတ် – ငါးပင်

ပြုလုပ်နည်းအဆင့်ဆင့်

*ဂုံးကို ရေစင်အောင်ဆေးပြီး အမဲချောင်းများကို ဓားဖြင့်လှီးထုတ်လိုက်ပါ။ ခရုကိုလည်း အခွံသင်ပြီး ရေစင်အောင် ဆေးထားပါ။ ပြည်ကြီးငါးကို ရေဆေးပြီး တစ်ခါစားစာ အတုံးကလေးများတုံးပါ။ ပြီးနောက် အပြားလိုက် ဇကာကွက်ကလေးများကဲ့သို့ မွှန်းလိုက်ပါ။

*ဂဏန်းကို အခွံသင်ပြီး ၂ပိုင်း ပိုင်းပါ။ ပုဇွန်ကိုလည်း အခွံသင်ပြီး အမြီးပိုင်းကလေးကို ချန်ထားလိုက်ပါ။ မုန်လာဥနီကို အပိုင်းကလေးများအဖြစ် လှီးထားပါ။ ကိုးရီးယားမုန်ညင်းကို အရွက်ရင်းများ ဖယ်ပြီး အပင်လိုက် ရေစင်အောင်ဆေးပါ။

*မီးဖိုပေါ်တွင် အရိုးပြုတ်အိုးတင်ပြီး ငရုတ်သီးအနှစ်နှင့် ချင်းကို ဓားပြားရိုက်၍ ထည့်လိုက်ပါ။ ထိုအထဲသို့ ဂုံးကို အရင်ဆုံး ထည့်ပါ။ ခပ်နာနာပြုတ်ပါ။ ဂုံးနူးလာလျှင် ကြက်သွန်ဖြူ ထု၍ထည့်ပါ။ ပွက်ပွက်ဆူလာလျှင် ခရု၊ ပြည်ကြီးငါးနှင့် ဂဏန်းများထည့်ပါ။

*မှိုနှင့် မုန်လာဥများ ထည့်ပါ။ ခရမ်းချဉ်သီးကို လေးစိတ်စိတ်၍ ထည့်ပါ။ အရသာအတွက် အရိုးပြုတ်ရည်နှင့် ကြက်သားမှုန့်ကို လိုသလို ထည့်ပါ။ ထို့နောက် ပုဇွန်များကို ထည့်လိုက်ပါ။ စားခါနီးလျှင် ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းအုပ်၍ သုံးဆောင်ပါ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts