နှမြောတွန့်တိုရင် မအောင်မြင်

နှမြောတွန့်တိုရင် မအောင်မြင်

ဘဝကို တိုးတက်အောင်မြင်အောင် ကြိုးပမ်းနေသူတွေ၊ အောင်မြင်ပြီးသားလူတွေ လူပေါင်း(၁၀၀၀)ကျော်နဲ့ ဆက်ဆံကြည့်တဲ့အခါ ကိုယ့်ကိုကျေးဇူးပြုဖူးတဲ့သူကို ကျေးဇူးတုံ့ပြန်ဖို့ နှမြောတွန့်တိုတတ်သူတွေဟာ အောင်မြင်မှုနဲ့ အလှမ်းဝေးကြတာ တွေ့ရတယ်။ ထိုက်သင့်သလို လက်ဆောင်ပေးပြီး တုံ့ပြန်တတ်သူတွေက  အောင်မြင်သူတွေ ဖြစ်လာတာတွေ့ပါတယ်။

‘ထောင်မြင်ရင် ရာစွန့်ဆိုတဲ့စကား ရှိတယ်’‘ဆန်ပေးမှ ဆေးရတယ်’ဆိုတဲ့ စကားလည်းရှိတယ်။ တစ်စုံတစ်ရာကို ‘ရစရာရှိရင် ကိုယ့်ဘက်ကလည်း ရင်းဖို့လိုတယ်’။ အချို့သူတွေဟာ သူ့အကျိုးအတွက်ဆောင်ရွက်ပေးတဲ့သူကို ‘ကျေးဇူးတင်ပါတယ်’ဆိုတဲ့ စကားမျိုးတောင်မှ ပြောဖို့ဝန်လေးတယ်။

‘ပေးကမ်းခြင်းဖြင့် အောင်မြင်ရာ၏ဆိုတဲ့ ဆိုရိုးစကား’  လည်းရှိတယ်။ ကိုယ့်နဲ့ဆက်ပတ်သက်တဲ့သူတွေကို ပေးသင့်ပေးထိုက်တာ မနှမြောမတွန့်တိုဘဲပေးရင် လုပ်ငန်းအဆင်ပြေတယ်။ လက်ဆောင်နဲ့ ‘လာဘ်က စည်းပါးပါးလေး  ခြားနေတယ်။ ပေးသင့်ပေးထိုက်တဲ့သူကို ထိုက်တန်တဲ့ လက်ဆောင်ပေးဖို့ လက်မနှေးစေချင်ပါဘူး။ သိတတ်ရင် အောင်မြင်ဖို့ မခက်ဘူး’။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက်အောင်မြင်ရေး နည်းလမ်းများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts