တစ်လှေတည်းစီး တစ်ခရီးတည်းသွား
ကိုယ့်ရဲ့ရည်မှန်းချက်က နာမည်ကျော်တေးရေး၊ အဆိုတော်ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ဝါဒနာတူ သူငယ်ချင်းတွေ၊ ကိုယ်လေးစားအတုယူရမယ့် နာမည်ကျော် တေးရေးအဆိုတော်တွေနဲ့ မိတ်ဆွေဖွဲ့ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ရည်မှန်းချက်တွေ၊ ကိုယ်ချစ်မြတ်နိုးတာတွေ၊ ကိုယ့်ခံစားမှုတွေကို နားလည်တဲ့သူတွေ၊ တန်ဖိုးထားတဲ့လူတွေနဲ့ ဝန်းရံထားဖို့ အရေးကြီးပါတယ်။
ဒီလူတွေက ကိုယ့်ရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒကို နားလည်သူတွေဖြစ်ပြီး အခန့်မသင့်လို့ လွဲချော်မှုတွေ ဖြစ်လာရင်တောင် အားပေးနှစ်သိမ့်မယ့်လူတွေ ဖြစ်ပါတယ်။
ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။