ဆောင်းရာသီနှင့် အသားရေ

ဆောင်းရာသီနှင့် အသားရေ : December လ စတဲက ရာသီဥတု သိသိသာသာပြောင်းလဲလာတာကိုတွေ့ရပါတယ် ~ အရမ်းအေးတဲ့ရက်တွေလဲ ခုဆိုရှိလာပြီဆိုတော့ အသားရေနဲ့ပတ်သတ်ပြီး ပိုမို ဂရုစိုက်ရမှာတွေ ရှိလာပါတယ် 

  •  SKIN changes

ဆောင်းရာသီမှာ Skin Type ပြောင်းလဲတာတွေဖြစ်နိုင်ပါတယ် ~ မိမိ အသားရေ Type က အမြဲတသမတ်တည်း မဟုတ်ပဲ ရာသီဥတုအလိုက်ပြောင်းလဲတတ်သူများအနေနဲ့ သင့်တော်တဲ့ Skincare ပစ္စည်းကို ပြောင်းလဲသုံးစွဲပေးပါ ~
( ဥပမာ အဆီပြန်/Combination Skin Type တွေက Normal Skin လိုပြောင်းတတ်ပြီး Normal Skin ပိုင်ရှင်တွေက Dry Skin အဖြစ်ပြောင်းလဲတတ်ပါတယ် ~ ဒီ့အတွက် မှန်ကန်တဲ့ Skincare Type and Texture ကို လိုအပ်ရင် ရွေးချယ်အသုံးပြုပေးပါ ~ )

  • Allergy

ဆောင်းရာသီမှာ Allergy တွေတော်တော်လေးဖြစ်ကြတယ် ~ အသားခြောက်သွားပြီး နီတာ၊ ယားတာ ၊ အင်ပြင်လိုအကွက်တွေထတာအပြင် နှင်းခူလို အဖတ်လေးတွေလန်ပြီး အရေပြားစပ်တာမျိုးလဲကြုံရနိုင်ပါတယ် ~ ဒါဆိုရင်တော့ အရင်ဆုံးအနေနဲ့ အစိုဓာတ်ရရှိအောင် Moisturizer မနက်/ည အနည်းဆုံး ၂ ကြိမ်တော့ လိမ်းရမှာဖြစ်ပြီးတော့ Soap and fragrance free products လေးတွေပြောင်းသုံးသင့်ပါတယ် ~

  • Healing

ဆောင်းရာသီမှာ အနာကျက်ဖို့ကြာပါတယ် ~ Healing process အရမ်းနှေးတဲ့အတွက် ထိခိုက်ဒဏ်ရာရရင် ခါတိုင်းထက် ကြာတတ်တယ် ~ အနာကျက်တာကြာမယ် ~ အနာဖေးတက်တာကြာမယ် ~ ဆိုတော့ မျက်နှာကို ကုတ်တာ၊ ဖဲ့တာ၊ လက်နဲ့ခဏခဏကိုင်တာတွေလုံးဝ မလုပ်သင့်ပါဘူး ~ မဟုတ်ရင် အမာရွတ်တွေထင်းပြီးကျန်မယ် ~ ဝက်ခြံညစ်လို့ကျန်ခဲ့တဲ့ အပေါက်ဆိုရင်လဲ ပိတ်ဖို့ကြာရင် infection ပြန်ဝင်တာမျိုးဖြစ်နိုင်ပြီး သွေကြောတစ်လျှောက် ပြန့်နိုင်ပါတယ် ~

  • AfterCare

ဆေးခန်းတွေမှာ Treatment ယူတဲ့အခါ Non-Invasive treatment တွေဆို စိုးရိမ်စရာမရှိပေမယ့် လေဆာ၊ prp၊ injections စတဲ့ Invasive treatment ( အရေးပြားအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်ကုသမှုပေးတဲ့ Treatment ) မျိုးလုပ်ရင် After care က အရမ်းဂရုစိုက်ရပါတယ် ~ ဖုန်လဲထူ၊ ရာသီဥတုကလဲအေးတဲ့အပြင် အနာကျက်လဲကြာနိုင်လို့ Cleansing ၊ Hydrating and Sun protection steps တွေကို သေချာမလုပ်မိခဲ့ရင် result မကောင်းနိုင်သလို မူလအခြေအနေထက်တောင် ပိုဆိုးနိုင်ပါတယ် ~ ဆေးခန်းပြပြီးမှ မျက်နှာပိုဆိုးသွားတယ်မဖြစ်ရလေအောင် Aftercare လေးကို သေချာ ဂရုစိုက်ပေးနော် ~

  • Less Exfoliating, More Moisturizing

နောက်ဆုံး တစ်ချက်အနေနဲ့ Exfoliating လုပ်တာကို လျှော့ပေးပါ ~ Exfoliating မှာ Scrubs နဲ့ Peeling တင်မဟုတ်ပဲ အရေပြားကို brighten ဖြစ်စေတဲ့ Acid ပါတဲ့ products တွေကို ညဘက် ရက်ခြားပဲ သုံးပေးပါ ~ တစ်ခုနဲ့တစ်ခုလဲ ထပ်မသုံးပါနဲ့ ~ အရေပြားအစိုဓာတ်ပေးနိုင်တဲ့ essence/serum များကိုလဲ လိမ်းပေးသင့်ပြီး ရံဖန်ရံခါ Sheet mask or wash of moisturizing mask လေးတွေလဲ သုံးပေးဖို့ အကြံပေးလိုက်ရပါတယ်နော်

ဆောင်းရာသီနှင့် အသားရေ အကြောင်း ကို Dr Zu & Dr Bayy page မှ ကူးယူဖော်ပြထားပါသည်။

သုတ

openmoreonline

Related Posts