စွန့်စားခန်းအဖြစ်သဘောထားပါ

စွန့်စားခန်းအဖြစ်သဘောထားပါ

ကိုယ့်ရဲ့ဘဝခရီးကို စိတ်လှုပ်ရှားစရာကောင်းတဲ့ စွန့်စားခန်းတစ်ခုအဖြစ် ဘက်ပေါင်းစုံကနေ မြင်အောင်ကြည့်ပါ။ ကလေးဘဝတုန်းက အရာရာကို သိချင်တဲ့စိတ်နဲ့ စူးစမ်းခဲ့ကြပါတယ်။ ဒီအလေ့အကျင့်လေးကို ဆက်လက်ထိန်းသိမ်းပါ။ အောင်မြင်မှုကိုရအောင် ကြိုးစားတဲ့အခါ ဒီအလေ့အကျင့်က အများကြီး အထောက်အကူပေးပါလိမ့်မယ်။ အောင်မြင်မှုတစ်ခု ရရှိတိုင်း တွေ့ကြုံဖြတ်သန်းရတဲ့ စိတ်လှုပ်ရှားစရာတွေကို စွန့်စားခန်းတစ်ခုလို သဘောထားပါ။ ဒီလို သဘောထားလိုက်တာနဲ့ စွန့်စားခန်းတွေထပ်လုပ်ချင်ပါလိမ့်မယ်။

ဘဝဆိုတာ ကြီးမားတဲ့စွန့်စားခန်း မဟုတ်ရင် ဘာအဓိပ္ပါယ်မှမရှိပါဘူး။
Helen Keller

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်

Related Posts