စိတ်လိုက်မာန်ပါ လုပ်တာကို ရှောင်ပါ

စိတ်လိုက်မာန်ပါ လုပ်တာကို ရှောင်ပါ

စိတ်လိုက်မာန်ပါ လုပ်တာကို ရှောင်ပါ

လောကကြီးမှာ ကျင့်ဝတ်ဖောက်ဖျက်သူတွေ၊ ကတုံးပေါ် ထိပ်ကွက်သူတွေ၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ လောဘသားတွေ ရှိပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါ ဒီလိုလူစားတွေနဲ့ တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံရပါလိမ့်မယ်။ စိတ်လိုက်မာန်ပါ လုပ်တာ၊ တုံ့ပြန်တာကို ရှောင်ပါ။ တန်ဖိုးမရှိသူတွေကြောင့် စိတ်ဆင်းရဲ မခံပါနဲ့။ တရားကို နတ်စောင့်ပါတယ်။

အကြမ်းဖက်မှု ကင်းတယ်ဆိုတာ လူသားတွေရဲ့ အမြင့်ဆုံးကျင့်ဝတ်ပါပဲ။ လူသားအချင်းချင်း စာနာစိတ်မထားနိုင်ရင်တော့ တိရိစ္ဆာန်ပါပဲ။
Thomas A.Edison

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

Related Posts