ကိုယ့်အကြောင်းကိုယ်ပြောကြစို့

ကိုယ့်အကြောင်းကိုယ်ပြောကြစို့။

(Let’s talk about me)

အခုသင် ‘…ဘူး’ ဆိုသည့် ကိုယ့်အကြောင်းကိုယ်ပြောသည့် အသုံးအနှုန်းနမူနာတစ်ခုဖြစ်သည်။ ‘…ဘူး’ သည် သူ့ဘာသာ တာဝန်သိခြင်းမရှိသည့် အသုံးအနှုန်းနမူနာတစ်ခု ဖြစ်သည်။  သင့်ကိုယ်သင်နှင့် အခြားသူများထံသို့ သင်သည် လျစ်လျူရှုသင့်သူတစ်ဦးမဟုတ်ကြောင်း အမှာစကားပို့ပေးခြင်းဖြစ်သည်။

နမူနာများအနေဖြင့် –

‘ဂျိန်းကို ငါသည်းမခံနိုင်ဘူး’။

‘ခွေးတွေကို ကြောက်တယ်၊ ငါနဲ့မဖြစ်ဘူး’။

‘သူ့ရှေ့မှာ ငါ သက်သောင့်သက်သာ မရှိဘူး’။

သည်တစ်ပတ် သင့်စကားအသုံးအနှုန်းကို သတိပြုပါ။  သင့် အသုံးအနှုန်းသည် သင်၏ဖြစ်ထွန်းမှု၊  သင့်အား အများယုံကြည် လက်ခံနိုင်မှုနှင့် သင်၏ စိတ်ဖိစီးမှုအဆင့်တို့ကို သက်ရောက်မှုအမှန် ဧကန်ရှိစေသည်။ အင်္ဂလိပ်ကဗျာဆရာ ဂျွန်ဒရိုက်ဒင်ပြောခဲ့သည်ကို မှတ်သားပါ။ ‘ပထမတွင်  ကျွန်ုပ်တို့က အလေ့အကျင့်များက ကျွန်ုပ်တို့ကိုပြုလုပ်သည်။ ‘ယင်းသည် စွမ်းအားရှိလှသည့် အသိတရားတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့အတွေးများသည် အလေ့အကျင့်များအရ ဖြစ်ပေါ်သည်။ (တစ်ခါတစ်ရံ ‘ဇာတ်ညွှန်းများ’ ဟုခေါ်သည်)။ သို့သော် ယင်းတို့သည် ကျွန်ုပ်တို့တီထွင်ခဲ့သော အလေ့အကျင့်များဖြစ်သည်။

ဆိုလိုသည်မှာ တီထွင်နိုင်ခဲ့လျှင် ဖျက်ဆီးပစ်နိုင်ရမည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင်မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

ပိုမိုဖတ်ရှုရန်။

#OpenMoreOnline

Related Posts