ကိုယ်ဆုံးဖြတ်ချက်ကို သတ္တိရှိရှိ ကာကွယ်ပါ

ကိုယ်လိုချင်တဲ့ အောင်မြင်မှုအပေါ်မူတည်ပြီး ကိုယ်ရောက်ချင်တဲ့ ရည်မှန်းချက်ကိုရောက်ဖို့ သတ္တိလိုပါတယ်။ ဥပမာ – ကိုယ်က စာရေးဆရာဘဝကို လိုချင်တယ်။ စာရေးဆရာဖြစ်ရင် ရည်မှန်းချက်အောင်မြင်ပြီ။ ဒါပေမယ့် မိသားစုက မောင်နှမတွေအားလုံးလိုလိုက ဆရာဝန်လိုင်းကို သွားကြတယ်။ ကိုယ့်ကိုလည်း ဆရာဝန်လိုင်းကို သွားစေချင်တယ်။ ကိုယ်ယုံကြည်ချက်နဲ့ ရည်မှန်းချက်ကို ခိုင်ခိုင်မာမာ ကာကွယ်ဖို့ သတ္တိရှိရလိမ့်မယ်။ ညီအကို မောင်နှမတွေအကြိုက်ကို လိုက်ဖို့မလိုပါဘူး။ ကိုယ်ဆုံးဖြတ်ချက်ကို ကိုယ်တိုင် သတ္တိရှိရှိ ကာကွယ်ပါ။

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ် ဘဝနေနည်း

Related Posts