hapeye

ကိုယ့်အတွက်ကိုယ် စဉ်းစားလေ၊ အများအတွက် မစဉ်းစားလေ

ကိုယ့်အတွက်ကိုယ် စဉ်းစားလေ၊ အများအတွက် မစဉ်းစားလေ

အဲ့ဒီတော့ မေတ္တာရဲ့ ဆန့်ကျင်ဘက်က ဘာလဲဆိုတာ အတ္တပါ။ အတ္တဆိုတာ ကိုယ့်အတွက်ပဲ ကိုယ့်စဉ်းစားတယ်။ လူတစ်ယောက် ကိုယ့်အတွက်ကိုယ် စဉ်းစားလေလေ၊ အများအတွက် မစဉ်းစားလေလေပါ။ အဲ့ဒီတော့ အများအပေါ်မှာ မေတ္တာမထားနိုင်ဘူး။

ဒီဟာဟာ တစ်ခြားမပြောနဲ့၊ မိသားစုအချင်းချင်းမှာတောင် ဖြစ်ပါတယ်။ ကျမတို့တွေ့ဖူးတယ်။ ဝမ်းနည်းစွာနဲ့ တွေ့ဖူးတယ်။ မိဘဖြစ်လျက် သားနဲ့သမီးအပေါ်မှာ တာဝန်မကျေတာ။ သားသမီးအပေါ်မှာ မေတ္တာနည်းပြီးတော့ ကိုယ့်အတွက်ဘဲ ကိုယ်ကြည့်တဲ့ မိဘမျိုးတွေ့သလို၊ သားသမီးရှိလျက်နဲ့ မိဘကို ပြန်မကြည့်တာ။ မိဘအပေါ်မှာ မေတ္တာမထားဘဲနဲ့ ကိုယ့်အတွက်ဘဲ ကိုယ်ကြည့်တဲ့ သားသမီးတွေလည်း ကျမတို့ တွေ့ခဲ့ဖူးပါတယ်။ ကျမတို့ ပရိတ်သတ်တွေလည်း ဒီလိုပဲ တွေ့ဖူးခဲ့မှာပါ။ အဲ့ဒီတော့ အဓိကအားဖြင့် ကိုယ့်အတွက်ကို ကိုယ်ကြည့်နေမယ်ဆိုရင် ကျမတို့ တစ်ခြားသူတွေအတွက် မေတ္တာမထားနိုင်ပါဘူး။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts