နားလည်ခြင်း

သင့်ကိုယ်သင် နားလည်ခြင်း

သင့်ကိုယ်သင် နားလည်ခြင်း – သင့်ကိုယ်သင် ပိုမိုစိတ်ချမ်းသာစေရန်အလို့ငှာ ပထမဆုံး သင့်ကိုယ်သင်နားလည်ရန် အရေးကြီးသည်။ ကျွန်ုပ်တို့၏ အလုပ်ရှုပ်နေသောဘဝပုံစံက မိမိကိုယ်ကိုတွေးတောဆင်ခြင်ဖို့အတွက် ကျွန်တော်တို့တွင် အချိန်မရှိသောကြောင့် ကိုယ့်ကိုကိုယ် အဆက်ဖြတ်ထားသကဲ့သို့ ကျွန်တော်တို့ကို ခံစားကျန်ရစ်စေသည်။ ပြန်လည်ဆက်သွယ်ဖို့အတွက် ဤအကျန်ပေးချက်များကို အသုံးပြုပါ။

၁။ တရားထိုင်ပါ

ရှေးခေတ်တရားထိုင်ခြင်း အတတ်ပညာက သင်၏အတွင်းပိုင်းအတ္တကိုပင် ပိုမိုနက်ရှိုင်းစွာ နားလည်ရန်ကူညီနိုင်သည်။ မိမိကိုယ်ကို တိုးတက်ကောင်းမွန်စေမည့်ခရီးကို သင်အစပြုသောအခါ အဆုံးသတ်ရလဒ်က ဘာဖြစ်မည်ကို တွေ့မြင်ရန် ခက်ခဲနိုင်သည်။ ဤသို့ရိုးရှင်းသော စိတ်ကူးဖြင့် တွေ့မြင်ခြင်းက သင့်ကို အာရုံစူးစိုက်မှု ရရှိရန် ကူညီနိုင်သည်။ သက်တောင့်သက်သာရှိသော ထိုင်ခုံတစ်လုံးတွင် သက်တောင့်သက်သာရှိသောပုံစံဖြင့်ထိုင်နေစဉ် သင်၏မျက်လုံးများကို မှိတ်ပြီး အသက်ရှူခြင်းကို စတင်အာရုံစူးစိုက်ပါ။

ပိုမိုနှေးကွေးစွာ သို့မဟုတ် နက်ရှိုင်းစွာ အသက်ရှူဖို့မလိုချေ။ သင်၏သဘာဝ အသက်ရှူခြင်းကိုစာ အာရုံစူးစိုက်ပါ။ ထို့နောက် သင်၏ရုပ်ပုံကို စတင်တည်ဆောက်ပါ။ ယခု သင်၏ဦးခေါင်းထဲတွင် ရှိနေသည်။ သင်မည်သည့်ပုံပေးပုံ၊ ဘာဝတ်စားထားပုံ၊ သင့်ကို မည်သူတို့ ဝိုင်းရံနေပုံနှင့် သင်မည်ကဲ့သို့ဆောင်ရွက်ပုံတို့ကို စဉ်းစားပါ။ ဤပုဂ္ဂိုလ်နှင့် သင်ပျော်ရွှင်နေရဲ့လား။ သင်ပြောင်းလဲလိုသော တစ်စုံတစ်ရာရှိသလား။

ဤလေ့ကျင့်ခန်းအတွင်း သင်အာရုံထွေပြားနေလျှင် သို့မဟုတ် စိတ်ခံစားချက်ဖြစ်နေလျှင် သင်၏အာရုံစူးစိုက်မှုကို အသက်ရှူခြင်းဆီသို့ ပြန်ပြောင်းပါ။

သင်၏လတ်တလောအတ္တနှင့် ကောင်းစွာ ရင်းနှီးကျွမ်းဝင်လာသည်နှင့်တစ်ပြိုင်နက် သင်၏အနာဂတ်အတ္တပုံရိပ်၊ သင့်ကိုယ်သင် စိတ်ချမ်းသာစေသောပုံရိပ်ကို တည်ဆောက်ရန် အလားတူ အာရုံစူးစိုက်မှုကို အသုံးပြုပါ။ သင်ဘယ်နေရာမှာလဲ။ ဘယ်သူ သင်နှင့်ရှိနေသလဲ။ အသေးစိတ်များကို သတိပြုပြီး အောင်မြင်မှုနှင့် ပျော်ရွှင်မှုခံစားချက်ကို နှစ်ထောင်းအားရဖြစ်ပါ။ သင့်ကိုယ်သင် ထင်မြင်ချက်ကို တိုးတက်ကောင်းမွန်အောင် လုပ်နေစဉ် ဤပုံရိပ်ကို သင်နှင့်အတူ ယူဆောင်ပြီး ၎င်းကို မျှော်လင့်ချက်တစ်ခုအဖြစ် တွေ့မြင်ပါ။

ဆုပြည့်စုံထွန်း(အယ်ဒီတာအဖွဲ့) ဘာသာပြန်ထားသော စိတ်ချမ်းသာဖို့ အကြံပြုချက်၅၀ စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

င့်ကိုယ်သင် နားလည်ခြင်း

ဘဝနေနည်း

OpenMoreOnline

Related Posts