တွေးလုံး

ကျွန်မမောင်လေးက ကားသစ်လေးတစ်စီးဝယ်ပါတယ်…။ သူဘဝမှာ ပထမဦးဆုံး သူ့ငွေနဲ့သူ ဝယ်ဖြစ်သွားတဲ့ ကားလေးပါပဲ…။ မနေ့က သူ့ကားကိစ္စလုပ်တဲ့နေရာတွေ လျှောက်ပါသွားရင်း စာရွက်စာတမ်းတွေ ပြီးပြီဆိုတော့ အစ်မလုပ်တဲ့သူက… Congratulations ပေါ့…။ သူ့ကို…ပြောတော့…အမလေး… သက်ပြင်းမောကြီးချပြီး… ဝယ်တော့ဝယ်လိုက်ပြီ… ဒါပေမဲ့ မပျော်ပါဘူးတဲ့…။

ကျွန်မလေ သူ့ကို နားရင်းရိုက်ချင်စိတ်တွေပေါ်လာတယ်။ ဟဲ့… ဘာဖြစ်လို့တုန်း…ဆိုတော့… သူ့ရဲ့ပိုက်ဆံဟာ ဘယ်လိုတွေကျပ်သွားပြီဖြစ်ကြောင်း…၊ သူဟာ… ဘယ်လို ခြွေတာရတော့မှာဖြစ်ကြောင်း…၊ အပျော်ခရီးတွေ သွားဖို့ဆိုတာ မလွယ်တော့ကြောင်း…ပွားတော့တာပေါ့…။

တကယ်ဆို… ပထမဆုံး ကိုယ့်ဝင်ငွေနဲ့ဝယ်လိုက်တဲ့ ကားလေးမို့ သူအရမ်း ပျော်ရွှင်ကျေနပ်သင့်တယ်။ သူ့ဘဝရဲ့ကောင်းသောအမှတ်တရ Memory လေး တစ်ခုဖြစ်လာမှာ မဟုတ်လား…။

ပျော်ပြီးတော့… ဝယ်လိုက်တာပဲ…။ ဟော…လက်ထဲ ကားရောက်တော့မယ်ဆိုတော့… မပျော်တော့ဘူးတဲ့…။ တောင်တွေး မြောက်တွေးတွေ တွေးနေပြီလေ…။ မကောင်းတာတွေချည်း ရွေးတွေးနေပြီ…။

Habitual Anxiety ဆိုတာ အမြဲ…အလေ့အကျင့်တစ်ခုလိုဖြစ်နေတဲ့ စိုးရိမ်ပူပန်မှုတွေပေါ့…။ ကျွန်မတို့မှာ ရှိတတ်ကြပါတယ်…။

တကယ်တော့…ဘဝမှာ…တကယ်ပူပန်ရမဲ့အရာတွေနဲ့ ပတ်သတ်ပြီး… စစ်တမ်းထုတ်ကြည့်ရင်…

နေစရာရှိလား…ရှိတယ်…။ စားစရာရှိလား…ရှိတယ်…။ အလုပ်ရှိလား… ဝင်ငွေရှိလား… ကျန်းမာရေးကောင်းလား… ရှိတယ်…ကောင်းတယ်…။ သူငယ်ချင်း အပေါင်းအသင်းတွေရှိလား… ချစ်သူတွေ… မိသားစုတွေ ရှိလား… ရှိတယ်… ရှိတယ်…။

ဘဝတစ်ခုဟာ… ဒီထက်ပြည့်စုံဖို့ပဲ လိုနေသေးလို့လား…။ ထပ်ဖြည့်လေ… မပြည့်စုံလေ ဖြစ်နေကြသလိုမို့လို့ပါနော်…။ အဲလို ကိုယ့်ကိုယ်ကို…မေးကြည့်လိုက်ရင်… ဘဝမှာ… စိတ်ညစ်စရာနဲ့ ပျော်စရာ… ဘယ်ဟာက ပိုများနေသလဲ…ဆိုတဲ့ အဖြေကြီးက ရှင်းရှင်းကြီး ထွက်လာပါလိမ့်မယ်…။ ကျွန်မတို့တွေဟာ ရှာကြံ စိတ်ညစ်နေကြတယ်ဆိုတဲ့ အဖြစ်ဟာ… စင်းစင်းကြီး ပေါ်လာတတ်တာပါပဲ…။

တကယ်တော့… စိတ်ညစ်ကြတတ်ကြတဲ့… စိတ်ပူပန်တတ်ကြတဲ့… ကျွန်မအပါအဝင်… သူသူငါငါတွေ အားလုံးဟာ… ဘဝမှာ ရှိပြီးသား… ပိုင်ဆိုင်ပြီးသား… ၈၀ ရာခိုင်နှုန်းလောက်ကို ဝမ်းသာ ပျော်ရွှင်ဖို့ မေ့နေတတ်ကြပြီး…စိတ်ညစ်စရာလေးတစ်ကွက် နှစ်ကွက်လောက်ကို… ၈၀ရာခိုင်နှုန်းလောက် ချဲ့ပွားခံစားပြီး… မပျော်ကြတဲ့သူတွေ ဖြစ်ပါတယ်တဲ့…။

Oxford ဆရာတော်က ပြောပါတယ်။

စိတ်ညစ်စရာဆိုတာ လူတိုင်းမှာ ရှိပါတယ်…။ ကိုယ်မကြိုက်တာတစ်ခုခုဖြစ်လာရင် စိတ်ညစ်သွားပြီ…။ ကမ္ဘာကြီးပျက်သွားသလို ဖြစ်ပြီ။ လုံးဝ မပျော်တော့ဘူး။ သေတောင်သေချင်နေပြီ…။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> တွေးလုံး (Part 2)

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts