တစ်ခါတုန်းက ဂျပန်နိုင်ငံရှိ ပင်လယ်ကမ်းစပ် ရွာလေးတစ်ရွာမှာ တံငါသည်မိသားစုတွေ ရှိတယ်။
တံငါသည်တွေက အဓိကထားပြီး ဖမ်းတာက ငါးရှဉ့်တွေပါ။ ငါးရှဉ့်တွေက ဈေးကောင်းနေလေတော့ တံငါသည်တွေဟာ လှေတစ်စင်းနဲ့ အိမ်ကထွက်ပြီး ငါးရှဉ့်ဖမ်း ထွက်ကြပါတယ်။ ရတယ့် ငါးရှဉ့်တွေကို လှေဝမ်းထဲမှာထည့်ပြီး သူတို့လိုချင်သလောက်ရမှ ပြန်လာကြခဲ့ပါတယ်။
ဒါပေမဲ့ …
ကမ်းကိုရောက်တဲ့ အခါကျရင် များသောအားဖြင့် ငါးရှဉ့်တွေဟာ သေနေပါပြီ။ ဘာကြောင့်လဲဆိုတော့ လှေဝမ်းအတွင်းမှာ လောင်ပြီး သေကြတာပါ။
ဒီတော့ …
သေသွားတဲ့ ငါးရှဉ့်တွေဟာ ဈေးကောင်းသိပ်မရဘဲ မသေသေးတဲ့ ငါးရှဉ့်တစ်ချို့သာ ဈေးကောင်းရကြပါတယ်။
အဲ … အဲဒီတံငါသည်တွေထဲမှာ တံငါသည်တစ်ဦးကတော့ ထူးထူးခြားခြား ငါးရှဉ့်အရှင်တွေဘဲ ရပါတယ်။ ငါးရှဉ့်ဖမ်းတာခြင်း အတူတူ သူက ဘာကြောင့် အရှင်တွေ အများစု အိမ်ကို ပြန်ပါလာတာလဲ?
ဒီအဖြေတွေကို တံငါသည်တွေကပါ သိချင်ကြတယ်။
သူ့အဖြေကို ဒီလို ရှင်းပြတယ်။
များသောအားဖြင့် ငါးရှဉ့်ဖမ်းမိတဲ့သူတွေဟာ ရလာတဲ့ငါးရှဉ့်တွေကို လှေဝမ်းထဲမှာ ထည့်ထားတယ်။ ဒီတော့ ငါးရှဉ့်တွေဟာ အချင်းချင်း စိတ်ဓာတ်တွေကြပြီး “ဘားမှမထူးပါဘူး သေမှာဘဲ” ဟူသော အတွေးဖြင့် နေကြတော့ စိတ်ဓာတ်ပျက်စီးပြီး သေကြပါတယ်။
သူကတော့ အဲ့ဒီလို မဟုတ်ပါဘူး။
ငါးရှဉ့်လှောင်ကန်ထဲကို ငါးခူတွေပါ ထည့်ပေးလိုက်တယ်။ ဒီတော့ ငါးရှဉ့်တွေနဲ့ ငါးခူတွေဟာ အချင်းချင်း တိုက်ခိုက်ကြလေတော့ အရင်လို ဖြစ်သလို နေလို့ မရတော့ပါဘူး။ တိုက်ရ၊ ခိုက်ရ၊ သတိဖြင့် နေကြရလေတော့ အရင်လို စိတ်ဓာတ်ကျချိန် မရှိဘဲ၊ အသက်ရှင်စွာဖြင့် ကမ်းကို ရောက်လာပါတယ်။ဒါဟာ ငါးရှဉ့်တွေ မသေချင်း အကြောင်းပါဘဲ။
ပုံပြင်လေးကို အဆုံးသတ်ရအောင်ပါ။
ဂျပန်လူမျိုးတွေရဲ့ လက်ဆင့်ကမ်း ပြောလေ့ရှိတဲ့ ပုံပြင်တစ်ပုဒ်လည်း ဖြစ်ပါတယ်။ များသောအားဖြင့် ဂျပန်လူမျိုးတွေဟာ သူတို့သား၊ သမီးတွေကို ဒီပုံပြင် ပြောလေ့ရှိပါတယ်။
သူတို့ အဓိကထား ပြောတာကတော့ …
“ငါးခူတွေကို မကြောက်ဖို့ ငါးခူတွေရှိနေဖို့ပါ။ ငါးခူဆိုတာ အခက်အခဲတွေ ပါပဲ။”
ဘဝမှာ အောင်မြင်ချင်တယ် ဆိုပါက အခက်အခဲတွေရှိ ရမယ်။ အခက်အခဲတွေကို ရင်ဆိုင်ရမယ်။ အခက်အခဲတွေကို မကြောက်ရဘူး။ အဲ့ဒီ အခက်အခဲတွေက ဘဝကို မြင့်မားအောင် ပို့ဆောင်ပေးလို့ပါ။
ဒါ့ကြောင် အောင်မြင်ချင်သူတွေဟာ ငါးခူတွေရှိဖို့လို အပ်ပါတယ်။
အောင်မြင်သူတွေဟာ
ဘယ်တော့မှ
မကျရှုံးသူတွေ မဟုတ်ပါဘူး။
ဘယ်တော့မှ
အရှုံးမပေးတတ်သူတွေပါ။
(Aung Ko U)
သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။