ခေါင်းလျှော်ရည်

ခေါင်းလျှော်ရည် သုံးစွဲခြင်း

ခေါင်းလျှော်ရည် သုံးတဲ့ အလေ့အထဟာ အိန္ဒိယတိုက်ငယ်ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ shampooဆိုတာ ဟိန္ဒူအသံထွက် ချန်ပူ ကနေ တိုက်ရိုက်ဆင်းသက်လာပြီး သက္ကတဘာသာအရ chapayati (နှိပ်နယ်၊ဖိနှိပ်)လို့ အဓိပ္ပါယ်ရတယ်။ shampoo သမိုင်းကြောင်းပြောရင် Sake Dean Mahomed ဆိုတဲ့ ဘင်္ဂလီအမျိုးသားတယောက်ကို မေ့ထားလု့ိမရပါ။ ဒီအိန္ဒိယနွယ်ဖွား အမျိူးသားဟာ အင်္ဂလိပိတွေကို shampooing ခေါ်တဲ့ ခေါင်းလျှော်နည်း အလေ့အထ စတင်ပျိုးထောင်ပေးခဲ့သူဖြစ်တယ်။ သို့သော် အခုခေတ်သုံးနေတဲ့ အရည်ပုံစံ ခေါင်းလျှော်ရည်တွေကို တကယ်တမ်း စီးပွားဖြစ် တီထွင်ထုတ်လုပ်ခဲ့သူကတော့ ဂျာမန်လူမျိုး Hans Schwarzkopf ဖြစ်ပါတယ်။ ဥရောပမှာတော့ shampooကို ၁၉၂၇ခုနှစ် ရောက်မှ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒါ့ကြောင့် ရှန်ပူအလေ့အထက ရာစုနှစ်တစ်စု မပြည့်သေးဘူးပြောလို့ရတယ်။

အရင်ခေတ်က သုံးတဲ့ တရော်ကင်ပွန်း ခေါင်းလျှော်ရည် ဟာ အိန္ဒိယက ဆင်းသက်လာတဲ့နည်းတခုဖြစ်တယ်။ အိန္ဒိယမှာ ကင်ပွန်းသီး(soapnut)နဲ့ ဆီးဖြူသီး(amla)ခြောက်ကို ရောပြုတ်ပြီး ခေါင်းလျှော်ရည် အနေနဲ့ အသုံးပြုခဲ့ကြတယ်။ ကင်ပွန်းသီးမှာပါတဲ့ saponin ဓာတ်က အမြှုပ်ထစေပြီး ဆံသားကို နူးညံ့ပျော့ပျောင်းစေတယ်။ ရှင်းလင်းရလွယ်ကူစေတယ်။ ဒီနည်းကို ကိုလိုနီခေတ် အင်္ဂလိပ်တွေက ဥရောပထိ သယ်ဆောင်သွားခဲ့ပါတယ်။ နောက်ပိုင်း ပိုကောင်းမွန်တဲ့ နည်းလမ်းတွေအသုံးပြုပြီး shampoo ခေါင်းလျှော်ရည်တွေ ထုတ်လုပ်လာကြတယ်။

အင်ဒိုနီးရှား ခေါင်းလျှော်ပုံက တမျိုးတဘာသာ ဆန်းကြယ်လှတယ်။ အရင်ဆုံး ကောက်ရိုးခြောက်နဲ့ စပါးခွံကို ရောနှောပြာချရတယ်။ ပြီးရင် ရေနဲ့ရောပြီး ခေါင်းလျှော်ရတယ်။ ဒီနည်းက ချေးပြောင်ပေမယ့် ကြာရှည်သုံးရင် ဦးရေပြားကို ခြောကိသွေ့လာစေနိုင်တယ်။ ဒါ့ကြောင့် ခေါင်းလျှော်ပြီးတာနဲ့ အုန်းဆီပါးပါးလိမ်းပေးရတာ ဖြစ်ပါတယ်။

ရှန်ပူနဲ့အတူ ခေတ်စားလာတာက anti-dandruff ခေါ်တဲ့ ဗောက်ပျောက် ခေါင်းလျှော်ရည် တွေပါ။ ဗောက်ဆိုတာ မှိုပိုးတမျိုးဖြစိတဲ့ Malassezia furfur ကြောင့်ဖြစိစေနိုင်တယ်။ ဗောက်ပျောက်ခေါင်းလျှော်ရည်ထဲမှာ ketoconazole, zinc pyrithione, selenium disulfite စတဲ့ မှိုပိုးသတ်ဆေးတွေ ထည့်တယ်။ ဒါ့ပြင် coal tar နဲ့ salicylate ပါတဲ့ ခေါင်းလျှော်ရည်တွေလည်း သုံးလေ့ရှိပါတယ်။ eczema နှင်းခူရှိသူအတွက်တော့ gluten-free, wheat-free shampoo တွေသာ သုံးစွဲသင့်တယ်။ဆံပင်ဆေးဆိုးထားသူအတွက် color-protection shampoos ခေါ်တဲ့ ဆံပင်အရောင်ကို ထိန်းသိမ်းပေးတဲ့ ခေါင်းလျှော်ရည်တွေ လိုပါတယ်။

ရှန်ပူ ခေါင်းလျှော်ရည် တွေဟာ pH 7 အောက်ရှိတာမို့ အက်ဆစ်ဓာတ်ဖက် အနည်းငယ်ရောက်တယ်။
ခေါင်းလျှော်ရည်အများစုမှာ အမြှုပ်ထစေတဲ့ ကြားခံ sodium lauryl sulphate, sodium laureth sulphate ပါလေ့ရှိတယ်။ဒါ့ပြင် အမြှုထခြင်းကို အာပေးတဲ့ cocamidopropyl betaine ဆိုတာလည်း ပါတတ်တယ်။ အရည်ပျစ်အောင် sodium chloride ဆားကိုလည်း ထည့်သွင်းတတ်ကြတယ်။ ဆံသားနူးညံ့ပျော့ပျောင်းစေဖို့ Glycol distearate ဖယောင်း၊ silicone တွေကို ထည့်သွင်းကြတယ်။ နောက်ပိုင်းမှာ ကြာရှည်ခံဓာတုဆေးတွေနဲ့ ရနံ့တွေပါ ထည့်သွင်းလာကြတယ်။

တချို့ရှန်ပူတွေက gluten ဓာတ်မတဲ့တာကို ကာကွယ်ပေးတယ်။ ကလေးသူငယ်နဲ့ မွေးကင်းစတွေအတွက် သီးသန့်ထုတ်ထားတဲ့ baby shampoo တွေက အပျော့စားခေါင်းလျှော်ရည်ထဲ ပါတယ်။ baby shampoo တွေမှာ အမြှုပ်ထွက်ဆေး sodium lauryl sulfate မပါဝင်လု့ိ ကလေးတွေသာမက လူကြီးတွေလည်း သူံးစွဲနိုင်တယ်။ johnson ကထုတ်တဲ့ ကလေးရှန်ပူကလည်း ကြေငြာကောင်းလှပါတယ်။ “no more tear” ကလေးမျက်လုံးထဲ ဝင်ရင်တောင် မျက်ရည်မထွက်စေပါဘူးတဲ့။

အမှန်တော့ shampoo မှာ ဓာတုပစ္စည်းတွေမနည်းလှပါ။ ဒါ့ကြောင့် US FDA က ခေါင်းလျှာ်ရည်မှာ ထည့်သွင်းထားတဲ့ ပစ္စည်းအမျိုးအမည်တွေကို ဖော်ပြရမယ်လု့ိ ဥပဒေအရ တားမြစ်ထားပါတယ်။ ယေဘုယျအားဖြင့် ခေါင်းလျှော်ရည်တမျိုးမှာ sodium lauryl sulphate, sodium laureth sulphate, ammonium chloride, ammonium lauryl sulphate, glycol, polysorbate 20, polysorbate 80, citric acid, polyquaternium 10, quaternium 15, Methylisothiazolinone စတဲ့ ဓာတုပစ္စည်းတွေ ပါလေ့ရှိတယ်။အိမ်မွေးတိရိစ္ဆာန်တွေမှာ သုံးတဲ့ ရှန်ပူတွေမှာတော့ insecticide ပိုးမွှားသတ်ဆေးတွေ ထည့်သွင်းလေ့ရှိတယ်။ pyrethrin , pyrethroid , carbaryl စတာတွေက တိရိစ္ဆာန်သုံး ရှန်ပူတွေမှာ အများဆုံးထည့် သွင်းလေ့ရှိတယ်။

ခေါင်းလျှော်ရည်လို့ပြောလိုက်တာနဲ့ နံပါတ်တစ် အမြှုပ်ထွက်ရမယ်။ နံပါတ်နှစ် ရနံ့ကောင်းရမယ်။ နံပါတ်သုံး ချေးနဲ့ အဆီ ကင်းစင်ရမယ်။ ဒီလိုဖြစ်ဖို့ ထည့်ရတဲ့ ဓာတုပစ္စည်းတွေလည်း မနည်းလှပါဘူး။ တချို့ပစ္စည်းတွေက ဦးရေပြားထိခိုက်တာ၊ဓာတ်မတဲ့တာ ဖြစ်တတ်တယ်။ ဒါ့ကြောင့် ဥရောပမှာ ရှန်ပူလုပ်တဲ့ ဓာတုပစ္စည်း အမျိုးပေါင်း ၁၃၂၈ မျိုးထိ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ရှန်ပူသုံးခြင်းဟာ ဆံသားကို နူးညံ့ပျော့ပြောင်းစေတယ်။ ပျကိဆီးနေတဲ့ ဆံသားကို ပြန်လည်ပြုပြင်ပေးတယ်။အညစ်အကြေး၊အဆီ၊ဖုန်၊ဗောက်ပျောကိစေတယ်။ မကောင်းတဲ့အချက်က Sodium laureth sulfate ပါလို့ မျက်စိထဲဝင်ရင် မျက်လုံးစပ်တာ၊ရဲတာ ရှိနိုင်တယ်။ ဆက်တိုက်အသုံးပြုရင် ခေါင်းကိုက်၊ခေါင်းမူး၊ မျက်သားတက်တာ ရှိနိုင်တယ်။ ဒီဖက်ခေတ်မှာ ဆံပင်ကျွတ်တာ၊ထိပ်ပြောင်တာ ခေါင်းလျှော်ရည်တွေရဲ့ ဆိုးကျိုးတခုကြောင့်လည်း ဖြစ်တယ်။ အထူးသဖြင့် အမြှုပ်ထွက်တဲ့ ဓာတုပစ္စည်း Sodium laureth sulfate, Sodium lauryl sulfate တွေဟာ ဆံပင်အရင်းက မွေးညှင်းပေါက်ကို ဒုက္ခပေးတာကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။ အကယ်၍ ခေါင်းလျှော်ရည်တမျိုးမျိုးကြောင့် ဆံပင်ကျွတ်ရင် တခြားခေါင်းလျှော်ရည်တခုခုပြောင်းသုံးသင့်တယ်။

သတိပြုစရာ အချက်တခု

၁၉၇၀ လွန်နှစ်များအထိ ခေါင်းလျှော်ရည်ကို နေ့တိုင်းသုံးဖို့ အကြံပေးခဲ့တာရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခေါင်းလျှော်ပြီး ၁-၂ရက်အတွင်း ခေါင်းက အဆီပြန်ပြီး ဗောက်ထလာနိုင်လို့ ဖြစ်ပါတယ်။ သို့သော် နောက်ပိုင်းလေ့လာမှုတွေက မကြာခဏ ခေါင်းလျှော်ခြင်းဟာ အဆီဂလင်း ပိုမိုအလုပ်လုပ်ပြီး ဦးရေပြား အဆီပြန်တာ၊ဗောက်ထတာ ပိုမိုဖြစ်စေနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်။ ဒါ့ကြောင့် နေ့စဉ်ခေါင်းလျှော်ပေးခြင်းဟာ မကောင်းဘဲ တပတ်ကို နှစ်ကြိမ်(အလွန်ဆုံး သုံးကြိမ်)ခန့် ခေါင်းလျှော်ခြင်းကသာ ဦးရေပြားနဲ့ ဆံသားပျက်ဆီးမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်။

ဒေါက်တာအေးမင်းထူး

သုတ

# Open More Online

Related Posts