(Method 2) – ငွေကြေးခန့်ခွဲ သုံးစွဲခြင်း
ငွေကို ဉာဏ်နဲ့ ယှဉ်ပြီး ဘယ်လိုသုံးရမလဲ (Method 2)
၁။ ကုန်ကျစရိတ်အားလုံးကို ရေးချခြင်း
- ဝင်ငွေထွက်ငွေစာရင်းတစ်ခု စလုပ်ဖို့ဆိုရင် တစ်လအတွင်း အဆွေ ကုန်ကျခဲ့သမျှကို ချရေးပါ။ ဒီထဲမှာ သိသာထင်ရှားတဲ့ အိမ်လခလိုမျိုးနဲ့ အခြားပေးချေမှုတွေ ပါဝင်ပါတယ်။ ဒါ့အပြင် သိပ်ကြီးမထင်ရှားတာတွေလည်း ပါဝင်ပါတယ်။ အဆွေမှာ ဆေးဝါးကုန်ကျမှုတွေ ရှိပါသလား။
ခရက်ဒစ်ကတ်အတွက် ပေးချေရမှုတွေ၊ အာမခံကြေးတွေ၊ ကျောင်းလခတွေ။ ဒါတွေကိုလည်း စာရင်းထဲ ထည့်သွင်းပါ။
- အဆွေတကယ်မလိုအပ်ဘဲ သုံးခဲ့မိတဲ့ ကုန်ကျမှုတွေကိုလည်း ထည့်သွင်းစဉ်းစားပါ။ အပြင်ထွက်ပြီး စားတာမျိုး၊ ဈေးဝယ်ထွက်တာမျိုး၊ ဖျော်ဖြေမှုတွေနဲ့ အပျင်းပြေစားသောက်မှုတွေမျိုးပေါ့။
အဆွေတစ်လကို ဘယ်လောက်ကုန်ကျခဲ့လဲဆိုတာကို အတိအကျ မသိနိုင်ပါဘူး။
ဒါပေမယ့် ကြိုးစားပြီး အကြမ်းဖျင်းတွက်ချက်ကြည့်ပါ။ အဆွေ့မှာ ဘဏ်အကောင့် ရှိတယ်ဆိုရင်တော့ အဆွေရဲ့ ဝယ်ယူသုံးစွဲမှုတွေဟာ ပိုမြင်သာနိုင်ပြီး မလိုအပ်တဲ့ ပကာသနတွေအတွက် ဘယ်လောက်တောင် ကုန်ကျခဲ့လဲဆိုတာကို တိတိကျကျ သိရပါလိမ့်မယ်။
၂။ ဝင်ငွေကို တွက်ချက်ပါ။
- အဆွေ ဘယ်လောက်သုံးမိနေတယ်ဆိုတာကို သိလာပြီးနောက်မှာတော့ အဆွေ့ရဲ့ ဝင်ငွေတွေကို စုပေါင်းတွက်ချက်ကြည့်ပါ။ တကယ်တော့ ဒါက အဆွေတစ်လမှာ ဘယ်လောက်ရှာနိုင်ခဲ့သလဲ ဆိုတာပါပဲ။ အဆွေ ထည့်သွင်းယူဆရမယ့် အခြားအရာတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ အဆွေ့မှာ တစ်လချင်းအတွက် တခြားနေရာတွေကနေ ငွေရပေါက်တွေ ရှိသေးလား။ အချိန်ပိုင်းအလုပ် ဒါမှမဟုတ် အခြား အလွတ်တမ်းအလုပ်တွေ ရှိပါသလား။ အကျိုးအမြတ် ဘယ်လောက်များများ ရပါသလဲ။ မိသားစုက ထောက်ပံ့ထားတာမျိုးတွေရော။
ဒီဝင်ငွေ အရင်းအမြစ်တွေအားလုံးကို ရေးချလိုက်ပါ။ ပြီးတော့ စုစုပေါင်းလိုက်ပါ။
၃။ လစဉ်ကုန်ကျစရိတ်များကို ဝင်ငွေထဲမှ နုတ်ကြည့်ပါ။
- အဆွေ တစ်လကို အသုံးပြုနိုင်တဲ့ အများဆုံးဝင်ငွေ ဘယ်လောက်အထိ ရှိမလဲဆိုတာ သိချင်မှာပါ။ သိရအောင်လို့ လစဉ်ပေးချေကုန်ကျမှုတွေကို နုတ်ကြည့်လိုက်ပါ။ (အိမ်လခ၊ ကျောင်းလခ စသည်ကို ဆိုလိုသည်။) အဲနောက်မှာတော့ အဆွေ တစ်လကို သုံးစွဲနိုင်တဲ့ ပမာဏ ကျန်ခဲ့ပါလိမ့်မယ်။
- ပမာဏက အဆွေ ထင်ထားတာထက် နည်းကောင်းနည်းနေနိုင်ပါတယ်။ အဆွေတစ်လကို သုံးနိုင် ဖြုန်းနိုင်တာ ဘယ်လောက်မှ မရှိဘူးဆိုတာကို သိလိုက်ရတဲ့နောက်မှာ အဆွေ အံ့အားသင့်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုသုံးသပ်ထားခြင်းဖြင့် အနာဂတ်မှာ အဆွေ ငွေကြေးကို အမြော်အမြင်ရှိရှိ ပိုပြီးသုံးလာနိုင်ပါတယ်။
- အဆွေ မထင်မှတ်ထားတဲ့ အသုံးစရိတ် ကိန်းဂဏန်းတွေနဲ့လည်း လတစ်ခုက အဆုံးသတ်သွားနိုင်ပါတယ်။ ဒါကတော့ အဆွေ ဝင်ငွေထက် ပိုပိုပြီး သုံးနေတဲ့ လက္ခဏာပါပဲ။ ဒီနည်းလမ်းက အဆွေ့ကို ခြောက်လှန့်နိုင်ပေမယ့် အဆွေရဲ့ ငွေကြေးဖြုန်းတီးမှုကို ကောင်းကောင်းစောင့်ကြည့်ဖို့ သဘောထားတစ်ရပ် ရရှိလာပါလိမ့်မယ်။
အဆွေရဲ့ ငွေကြေးအများစုကို ဘယ်မှာသုံးနေမိတာလဲ ???
အဆွေ လစာပိုကောင်းတဲ့ အလုပ်တစ်ခု လိုအပ်နေပြီလား။ တကယ်လို့ ဝင်ငွေနဲ့ ထွက်ငွေ မမျှတဘူးဆိုရင်တော့ ကုန်ကျမှုတချို့ကို ဖြတ်တောက်သင့်ရင် တောက်ရမယ်။ ဒါမှမဟုတ်ရင်တော့ အဆွေရဲ့ နေထိုင်မှုပုံစံအတွက် ပိုပြီးပေးချေနိုင်တဲ့ အလုပ်တစ်ခု ရှာသင့်ရင် ရှာရပါလိမ့်မယ်။
၄။ အပိုဝင်ငွေတစ်ရပ်ကို ဘယ်လိုအသုံချကြမလဲ။
- အဆွေမှာ အပိုဝင်ငွေလေး ရှိနေတယ်ဆိုရင်ဖြင့် ၎င်းကို ဘယ်လို အသုံးချချင်လဲဆိုတာကို စီမံခန့်ခွဲနိုင်ပါတယ်။ အဆွေရဲ့ တစ်လတာလုံး ရေးမှတ်လာတဲ့ အထဲမှာ အပိုဝင်ငွေတွေကို တစ်ချက်လောက် ပြန်ကြည့်လိုက်ပါ။ အပိုဝင်ငွေတွေရဲ့ အများစုက ဘယ်လို ကုန်ကျသွားပါသလဲ။ ပိတ်ရက်တွေမှာ လျှောက်သွာပြီးတော့ အများကြီး သုံးပစ်လိုုက်တာလား။ ဒါမှမဟုတ် တစ်နေရာရာမှာ စုထားတာမျိုးလား။ ဘယ်လိုမျိုး အသုံးချလိုက်ပါသလဲ။
- တစ်လတာအတွက် အပိုဝင်ငွေ ဘယ်လောက်ကို ဘယ်လိုသုံးပစ်လိုက်သလဲဆိုတာကို ကိုယ့်ကိုယ်ကို မညှာတမ်း စိစစ်ပါ။ အဆွေ ဘာကို တကယ်နှစ်ခြိုက်လဲဆိုတာကို ဆုံးဖြတ်ရပါမယ်။ တစ်လနှစ်ကြိမ် ပျော်ပွဲဆင်နွှဲမှုကို လက်လွှတ်ခံနိုင်ရင် ခံလိုက်ပါ။ အဆွေ့ချစ်ချစ်ကို တနင်္ဂနွေတိုင်း ညစာလိုက်ကျွေးဖို့ကိုတော့ လက်မနှေးပါနဲ့တော့။ ဒါကိုလည်း သုံးသပ်ဆင်ခြင်ကြည့်ပါ။
- အဆွေရဲ့ ဘက်ဂျက်( ဘာအတွက်တော့ ဘယ်လောက်သုံးမည်ဟု ခွဲခြမ်းသတ်မှတ်ထားမှု) ကို ရေးချပြီး တစ်လအတွင်း ကုန်ကျမှုတွေကို ခြေရာခံထားပါ။ ဘက်ဂျက်က သိပ်ပြီးတော့ အစွန်းမရောက်ပါစေနဲ့ (ကားခကိုလျော့ချသောအားဖြင့် အိမ်ကနေ အလုပ်ထိ လမ်းလျှောက်ခြင်း စသည်)။
အဆွေရဲ့ ဘက်ဂျက်ကို လိုက်နာဖို့က ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။
တချို့နေရာတွေမှာ အဆွေသတ်မှတ်ထားတာထက် ပိုသုံးမိနေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အဆွေရဲ့ ဘက်ဂျက်အတိုင်း ဆက်ကြိုးစားနေလိုက်ပါ။ နောက်ပိုင်းမှာတော့ အဆွေရဲ့ကန့်သတ်ချက်ထဲကနေ သုံးဖို့က ပိုပိုပြီး လွယ်ကူလာပါလိမ့်မယ်။
၅။ ပိုက်ဆံလည်း စုပါဦး။
- တစ်လတာ ဝင်ငွေအားလုံးကို မဖြုန်းတီးပစ်တာ အရမ်းကိုကောင်းတဲ့ စိတ်ကူးပါ။ အဆွေရဲ့ အပိုဝင်ငွေအချို့ကို စုထားပါ။ ဘယ်လောက်ပဲ အသုံးကြပ်တယ်ဆိုပါစေ အနည်းဆုံး ဆယ်ပုံတစ်ပုံကိုတော့ မရရအောင် စုပါ။ ဖြည်းဖြည်းချင်း ဖောင်းလာတဲ့ စုဘူးက ငွေရှာဖို့ကို စိတ်အားတက်စေပါတယ်။
မမြင်နိုင်တဲ့ လောကဓံတွေ အတွက် ကြိုတင်ပြင်ဆင်ရာလည်းရောက်ပါတယ်။
အပြည့်အစုံအား Download ခလုတ်ကိုနှိပ်၍ ရယူနိုင်ပါသည်။