(No random thinking)
ကျွန်တော့်အား လုံးလုံးလျားလျား ကျေနပ်မှုရှိသူတစ်ဦးကို ပြလျှင်
ကျွန်တော်က ကျရှုံးသူတစ်ဦးကို ပြပါမည်။
– Thomas Alva Edison
အသက်အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့် သင်သည် ‘ကြီးပြင်းလာသည့်အခါ’ သင် တကယ်တမ်းဘာဖြစ်ချင်သည်ကို ခိုင်မာစွာ ဆုံးဖြတ်နိုင်သည့်အနေအထားတွင် အမြဲရှိခဲ့သည်။ သင်၏ လက်ရှိ အတားအဆီးများ၊ မှားယွင်းရွေးချယ်မှုများ ၊ အကြွေးဝယ်ကတ် အကြွေးများ စသည်တို့ ရှိသော်လည်း ယခုလက်ငင်းအချိန်တွင် သင်တာဝန်ယူနိုင်သည်။ ထို့နောက် သင်အရာရာကို အလှည့်အပြောင်း လုပ်နိုင်သည်။ ယင်းသည် လူတိုင်းအတွက် မှန်ကန်ပါသည်။
သင်တို့အထဲမှ အချို့သောသူများက သူတို့၏ လက်ရှိအလုပ်ကဏ္ဍတွင် တစ်သက်လုံးလုပ်ကိုင်မည်ဟု သေချာသော်လည်း အချို့အတွက် မသေချာပါ။ သင်၏ လက်ရှိအလုပ်သည် သင့်အရည်အချင်းများကို ထုတ်ဖော်ပြသနိုင်သည့် အကောင်းဆုံးအနေအထား ရှိပါသလား။ သင့်အလုပ်ဌာနကို သင်ကြိုက်လျှင် ကြိုက်မည်ဖြစ်သော်လည်း သင့်လက်ရှိရာထူးကို ကြိုက်ချင်မှကြိုက်မည်။
မည်သည့် လက်ရှိအနေအထားပင်ဖြစ်ပါစေ သင် ဘာလုပ်နေသည်၊ ဘာကြောင့်လုပ်နေသည်ဆိုခြင်းကို ရှင်းလင်းပြတ်သားစွာသိနေဖို့ အလွန်ပင် အရေးကြီးပါသည်။
သင့်သဘောထားအရ (သင့်ကိုယ်သင် ပြောဆိုဆွေးနွေးပြီး) သင် လက်ရှိနေရာတွင် ရောက်နေခဲ့သည်ဆိုခြင်းကိုလည်း နားလည်လက်ခံရန် ဖြစ်သည်။
မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။