METAL ဒီဇိုင်းတစ်ခုကို ဖန်တီးခြင်း (5)
Step 7 (အလင်းအမှောင်ကို ပြင်ဆင်ခြင်း)
အလင်းအမှောင်ကို ပြင်ဆင်ရန်အတွက် Image Menu > Adjustments > Curves ကို ရွေးလိုက်ပါ။ Keyboard Shortcut အနေဖြင့် Ctrl + M ကို နှိပ်ကာ အသုံးပြုနိုင်ပါတယ်။
သင်ပြုလုပ်ထားတဲ့ Metal ဒီဇိုင်းအလိုက် လိုအပ်သောအလင်းကို တင်ပေးလိုက်ပါ။

ကာလာအရောင်ကို ပြင်ဆင်ရန်အတွက်တော့ ညာဖက် Layer Box အောက်ခြေရှိ Adjustments > Hue / Saturation ကို ရွေးလိုက်ပါ။ Keyboard Shortcut အနေဖြင့် Ctrl + U ကို အသုံးပြုနိုင်ပါတယ်။

Hue ကတော့ အရောင်ကို ရွေးချယ်ရန်ဖြစ်ပါတယ်။ Saturation ကတော့ အရောင် Tone ကို ချိန်တာ ဖြစ်ပါတယ်။ Lightness ကတော့ အလင်းအမှောင် ဖြစ်ပါတယ်။ လက်ရှိ အရောင်အနေဖြင့် အပြာရောင်အဖျော့ကို ရွေးထားပါတယ်။ Saturation ကတော့ 26 လောက်မှာထားပါတယ်။ အလင်းအမှောင်ကိုတော့ သင့်စိတ်ကြိုက်ချိန်နိုင်ပါတယ်။
အခုဆိုရင်တော့ အားလုံးပြီးပြည့်စုံသွားတဲ့ Metal Design ကို ရရှိသွားပြီ ဖြစ်ပါတယ်။