တခါတလေ စိတ်ကြောင့်အလုပ်တွေကို အားတင်းပြီး လိုက်နိုင်ပေမယ့်ဦနှောက်က အနားယူဖို့ အချက်ပြတာလေးတွေ ရှိပါတယ်။ အဲ့လို အချိန်မျိုးကျရင်တော့ မဖြစ်မနေ အနားပေးသင့်ပါတယ်ရှင်။ဒီအချက်တွေ ဖြစ်လာရင် စိတ်နှင့် ဦးနှောက်ကိုအနားပေးပါ။
၁။ ဝမ်းနည်းလွယ်ခြင်း
၂။ ဒေါသဖြစ်လွယ်ခြင်း
၃။ အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း
၄။နှစ်ခြိုက်စွာအိပ်မပျော်ခြင်း
၅။အစား. စားချင်စိတ်ကို မထိန်းချုပ်နိုင်ခြင်း
၆။ပူလွန်းသော ၊စပ်လွန်းသော ၊ချိုလွန်းသော အရသာများကိုတောင့်တခြင်း
၇။ မိမိကိုယ်ကိုကိုယ် ယုံကြည်မှုနည်းလွန်းလာခြင်း
၈။မောပန်းနွမ်းလျလာခြင်း …ဒီအချက်တွေထဲက ၃ ချက်လောက် ဖြစ်လာပြီဆိုရင် စိတ်ကို အနားပေးပါ။
ဦးနှောက်ကို အနားပေးပါ။ စိတ်နှင့် ဦးနှောက်ကို အနားပေးနိုင်သည့် အချက် (၁၀)ချက်။
၁။တရားထိုင်ခြင်း (တိတ်ဆိတ်သော နေရာမှာ ထိုင်လျက်သော်လည်းကောင်း ၊လှဲလျောင်းပြီးသော် လည်းကောင်း ရှုသွင်း /ရှုထုတ်လေး အနည်း ဆုံး၅ မိနစ်ခန့် လုပ်ပါ)
၂။ရေခပ်နွေးနွေးနဲ့ ရေချိုးပေးခြင်း။
၃။ အလုပ်ကိစ္စများကို အလုပ်မှာထားခဲ့ခြင်း ။(Me time မှာ အလုပ် လုပ်ခြင်းကလည်း စိတ်ဖိစီးစေပါတယ်)
၄။ကော်ဖီ၊ လက်ဖက်ရည် ၊Alcohol လျော့သောက်ခြင်း
၅။ သီချင်းနားထောင်ခြင်း
၆။အတွေးများကို လျော့ချပစ်ခြင်း
၇။ အိပ်ရေးဝအောင် အိပ်ခြင်း
၈။Social media ကိုတတ်နိုင်သမျှ လျော့သုံးခြင်း
၉ ။အားကစားလုပ်ခြင်း
၁၀။သဘာဝတရားနှင့်ထိတွေ့ခြင်း (မြေပေါ် ခြေဗလာနှင့် လမ်းလျှောက်ခြင်း၊နေရောင်ခြည်ခံခြင်း ….)ဒီ ၁၀ ချက်ထဲက မိမိအတွက် အသင့်တော်ဆုံး အချက်တွေ ရွေးပြီး စိတ်ကိုအနားပေးနိုင်ပါတယ်ရှင်။
ကိုယ်နဲ့ထိတွေ့ခွင့်ရသူတိုင်း ပျော်ရွှင်ခြင်းအစစ်အမှန်ရရှိပြီး စိတ်နှင့်ခန္ဓာ ကျန်းမာပါစေ
#openmoreonline
#Crd