ဖော်ပြလတ္တံ့သော စာပိုဒ်များသည် ခါမိဒိ (Charmides) ကထာမှ ကောက်နုတ်သော စာပိုဒ်များ ဖြစ်သည်။ စာပိုဒ် ၉ မှ ၁၇ အထိလည်းကောင်း၊ စာပိုဒ် ၂၉ လည်းကောင်း ဖြစ်သည်။
Category: အတွေးအခေါ်
ဖော်ပြလတ္တံ့သော စာပိုဒ်များသည် လိုင်စီ (Lysis) ကထာမှပင် ဖြစ်သည်။ ယခင် (က)မှ (ဋ)အထိ စာပိုဒ်များတွင် မိတ်ဆွေဟူသည် ကောင်းရာသို့ ညွှန်တတ်၍ အကျိုးရှိအောင် ပြုတတ်သူဖြစ်၏ဟု လည်းကောင်း၊ ထိုသို့သောသူမျိုး ဖြစ်လာအောင် ဝိဇ္ဇာအသိတရားရှိအပ်သည်ဟုလည်းကောင်း သိခဲ့ရပြီ။
ထိုသို့ ကျွန်ုပ်နှင့် လိုင်စီငယ်တို့ တီးတိုးပြောဆိုနေကြသောအခါ ဆရာတိစိပသည် ကြားဝင်၍ အချင်းဆော့ခရတ္တိ၊ အသင်တို့ နှစ်ဦးတည်း တိုးတိုးကျိတ်၍ ကြည်နူးနေကြသည်မှာ မသင့်ပါ။ အကျွန်ုပ်တို့ကော မပါကြရဘူးလော။
ထိုအခါ ကျွန်ုပ်က လူကလေးခါမိဒိ၊ ဟုတ်ပါမည်လော၊ ဆေးလေး ငြိမ်သက်စွာပြုသောသူများသည် စောင့်စည်းတတ်သောသူများ