အနင်းခံရတဲ့ မြက်တွေဆိုတာရှင်သန်လာပြီးဆိုရင် သာမာန် အပင်တွေထက် ပိုသန်မာကြပါတယ် . . .
Year: 2025
သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီဆိုရင်တိုက်ရိုက် သွားမပြောနဲ့။မသိသလို နေပေးပြီးတော့နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ။
သူ့အကျင့်ကို ရိပ်မိနေပြီမလား?သွားပြီး ပေါက်ကွဲ မပြနဲ့။မသိသလို နေပေးပြီးနောက်ဆို ကိုယ်ကဆင်ခြင်လိုက်ပါ . . .
တခါတလေ စိတ်ကြောင့်အလုပ်တွေကို အားတင်းပြီး လိုက်နိုင်ပေမယ့်ဦနှောက်က အနားယူဖို့ အချက်ပြတာလေးတွေ ရှိပါတယ်။ အဲ့လို အချိန်မျိုးကျရင်တော့ မဖြစ်မနေ အနားပေးသင့်ပါတယ်ရှင်။ဒီအချက်တွေ ဖြစ်လာရင် စိတ်နှင့် ဦးနှောက်ကိုအနားပေးပါ။ ၁။ ဝမ်းနည်းလွယ်ခြင်း ၂။ ဒေါသဖြစ်လွယ်ခြင်း ၃။ အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း ၄။နှစ်ခြိုက်စွာအိပ်မပျော်ခြင်း ၅။အစား. စားချင်စိတ်ကို မထိန်းချုပ်နိုင်ခြင်း
စာလို တတ်ပြီးလူလို မတတ်တဲ့ သူတွေကိုတွေ့တော့စိတ်ကောင်းရှိမှလူကောင်းဖြစ်မယ် ဆိုတဲ့ စကားကိုပိုပြီး လက်ခံ လာတယ် ။ အသက်တွေသာကြီးပြီးစိတ်သဘောထားတွေ မကြီးနိုင်သေးတဲ့လူတွေကို တွေ့တော့အသက်ကြီးလို့သာ လူကြီးလိုခေါ်ပြီးအသိ မရှိတော့ အလကားပဲလို့ မြင်လာတယ် ။ လူက ချမ်းသာနေပြီးတော့စိတ်မချမ်းသာနိုင်တဲ့ လူတွေကိုတွေ့တော့ဘယ်လို နေရနေရ ဘယ်လို စားရစားရလွတ်လပ် ပျော်ရွှင်ခြင်းကသာဘဝတန်ဖိုးဆိုတာ လက်ခံလာတယ်