ရှိတ်စပီးယားက ပြောတယ်။ကျုပ်က အမြဲပျော်နေတတ်တယ်။ဘာကြောင့်ထင်သလဲ။
ကျုပ်က ဘယ်သူ့ဆီကနေ ဘာကိုမှမမျှော်လင့်လို့ပဲ။
မျှော်လင့်ချက်တွေက မျှော်လင့်နေသူကိုထိခိုက်နာကျင်စေပါတယ်။ဘဝဆိုတာ တိုတိုလေးပါ။ဒါကြောင့်သင့်ဘဝကို သင်ချစ်ပါ။ပျော်ပျော်နေပါ။အမြဲတမ်း ပြုံးရွှင်နေပါ။
သင့်ဘဝအတွက်ပဲရှင်သန် နေထိုင်ကြည့်ပါ။
စကားမပြောခင်မှာတစ်ဖက်ကို နားထောင်ပေးပါ။
မရေးခင်မှာ စဉ်းစားပါ။
မသုံးဖြုန်းခင်မှာ ဝင်ငွေရအောင် ရှာပါ။
ဆုမတောင်းခင်မှာ ခွင့်လွှတ်ပေးလိုက်ပါ။
မထိခိုက်ခင်မှာ ခံစားကြည့်ပါ။မမုန်းခင်မှာ ချစ်ကြည့်ပါ။မစွန့်လွှတ်ခင်မှာ ကြိုးစားကြည့်ပါ။
မသေဆုံးခင်မှာ ရှင်သန်ကြည့်ပါ။
#Openmoreonline