ဝက်သားလုံးငရုတ်ပွ

ဝက်သားလုံးငရုတ်ပွ

ပါဝင်သောပစ္စည်းများ

  • ဝက်သားအသားလတ်လတ် – နှစ်ဆယ်ကျပ်သား
  • ဘဲဥ – နှစ်လုံး
  • ငရုတ်စိမ်းပွ – ဆယ်တောင့်
  • ဆလတ်ရွက် – ငါးပင်
  • မုန်လာဥနီ – လေးဥ
  • ငရုတ်ကောင်းမုန့် – အနည်းငယ်
  • သကြား – အနည်းငယ်
  • ဆား – အနည်းငယ်
  • ပဲငံပြာရည် – နှစ်ဇွန်း
  • ကြက်သွန်နီ – နှစ်ဥ
  • ကြက်သွန်ဖြူ – နှစ်ဥ
  • ကော်မှုန့် – တစ်ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
  • ဝက်သားကို ရေဆေးပြီး နုတ်နုတ်ပါးအောင် စဉ်းပါ။ သို့မဟုတ် ကြိတ်စက်ဖြင့် ကြိတ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ပါရောပြီး ကြိတ်ပါ။ မုန်လာဥနီ တစ်ဝက်ကို အမြှောင်းကလေးများဖြစ်အောင် ကုတ်ဖြင့်ခြစ်ပါ။ ကျန်တစ်ဝက်ကို နုတ်နုတ်စဉ်းထား၊ ငရုတ်စိမ်းပွများကို အညှာဖယ်ပြီး အကာတွင် ကော်မှုန့်ထည့်ဖျော်ပါ။ ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြားတို့ကို ထည့်ဖျော်ပါ။ ပဲငံပြာရည် အနည်းငယ် ထည့်ပြီးနောက် ကြိတ်ထားသော ဝက်သားများ နုတ်နုတ်စဉ်ထားသော မုန်လာဥနီများ ရောထည့်ကာ နာနာနယ်ပါ။ ဘဲဥအကာဖျော်ရည်များပါ ထည့်ပြီးနယ်ပါ။ နယ်ပြီးဝက်သားများကို အပေါက်ဖောက်ထားသော ငရုတ်စိမ်းများထဲသို့ ဖြည်းဖြည်းချင်း အစာသွတ်ပါ။ အားလုံးသွတ်ပြီးသွားလျှင် ပေါင်းအိုးဇကာထဲသို့ စီ၍ထည့်ပါ။ ပြီးမှ ရေနွေးနွေးဖြင့် ၁၅ မိနစ်ခန့်ပေါင်းပေးပါ။ ပြင်ဆင်ရန်မှာ ပန်းကန်ပြားတွင် ဆလတ်ရွက်ခင်းပြီးနောက် အပေါ်မှ ပေါင်းထားသည်များ ထည့်၍ စီပါ။ ပြီးလျှင် အပေါ်မှ ခြစ်ထားသော မုန်လာဥနီများ ဖြူးလိုက်ပါ။ အလွန်နှစ်သက်သော ဟင်းတခွက်ကို သုံးဆောင်လို့ရပါပြီ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချက်နည်းပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts