စိတ်ကို ကြည်လင်ကျန်းမာနေအောင်မိမိဘာသာ ပြုလုပ်နည်း

စိတ်ကို ကြည်လင်ကျန်းမာနေအောင်မိမိဘာသာ ပြုလုပ်နည်း : ဒီကာလတွေဟာ စိတ်နှလုံး ရှုပ်ထွေး နောက်ကျိပင်ပန်းနေကြတဲ့ ကာလတွေ ဖြစ်လို့ စိတ်ကို ကြည်လင်ကျန်းမာနေအောင်မိမိဘာသာ ပြုလုပ်နည်းလေး ပြန်တင်ပေးလိုက်ပါတယ်ရှင့်။

  • အိပ်ရာခင်းကို သန့်ရှင်းနေအောင် ပြုလုပ်ပေးပါ။မနက်မိုးလင်းလို့ အိပ်ရာနိုးရင် အိပ်ယာခင်းကို သန့်ပြန့်နေအောင် ဆွဲဆန့်ပြီး ပြန်ခင်းပါ။အိပ်ရာကို သပ်သပ်ရပ်ရပ် သိမ်းပါ။ သန့်ရှင်းနေတဲ့ အိပ်ရာခင်းက စိတ်နှလုံးကိုအံ့ဩစရာကောင်းလောက်အောင် ကြည်လင်လာစေတာကို တွေ့ရပါလိမ့်မယ်။မနက်တိုင်း မမေ့ပါနဲ့နော်။
  • ဗုဒ္ဓဘာသာဝင်ဖြစ်လျှင် မျက်နှာသစ်တဲ့အချိန် သရဏဂုံသုံးပါးကို တည်ပါ။“ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊ ဓမ်မံ သရဏံ ဂစ်ဆာမိ၊ သံဃံ သရဏံ ဂစ်ဆာမိ” (ပါဠိလို ရိုက်မရပါ)ဒါလေး ရွတ်ရုံပါပဲ။ဘာသာခြားဖြစ်လျှင် မိမိတို့ ယုံကြည်ရာဘာသာအတိုင်း ရွတ်ဖတ်ပါ။ဘာသာမဲ့ ဖြစ်လျှင် “ဒီနေ့အတွက် အကောင်းဆုံး ရှင်သန်မယ်” လို့ မိမိဘာသာ သတိပေးပါ။
  • ငါးမိနစ် တရားထိုင်ပါ။ဘာသာပေါင်းစုံ အတွက်ပါ။တကယ်ကို ငါးမိနစ်ပဲ အချိန်ပေးပါ။ဝင်သက် ထွက်သက်ကို နှာသီးဖျားမှာ ထားပြီးအာရုံကို မပျံ့လွှင့်စေဖို့ သတိထားပါ။ငါးမိနစ်စီ တိုးသွားလည်း ရတယ်။နေ့စဉ် ငါးမိနစ် တရားထိုင်လည်း ရပါတယ်။အဲ့ဒီအတိုင်း ကျင့်ကြံတာဟာ ကမ္ဘာက သုံးတဲ့နည်းပါ။နာကျင်မှုတွေကနေ လွတ်မြောက်နိုင်တဲ့ အစွမ်း ရှိပါတယ်။ကင်ဆာ ကုထုံး တစ်ခုအနေနဲ့လည်း သုံးပါတယ်။သွေးတိုးဝေဒနာရှင်၊ စိတ်ကျ ဝေဒနာရှင်တွေအတွက်အထူး ကောင်းမွန်ပါတယ်။အာရုံစူးစိုက်မှု ပိုကောင်းစေပြီး အကောင်းမြင်တဲ့စိတ်ကို ရရှိနိုင်ပါတယ်။ဗုဒ္ဓဘာသာဝင်ဖြစ်လျှင် နေ့စဉ် ထပ်တလဲလဲ ပြုနေကျ ကုသိုလ်အနေနဲ့ အာစိဏ္ဏကံ မြောက်ပါတယ်။ငါးမိနစ်လောက် သုံးပြီး တကယ် လုပ်ကြည့်ပေးပါ။
  • တရားတော်များ နာယူခြင်း။ မနက်စောစော ပရိတ် ပဌာန်း တရားများ နာယူခြင်းဟာ စိတ်ကို ဆထက်ထမ်းပိုး ကြည်လင်အေးချမ်းစေပါတယ်။တရားတော်တွေကို ရွတ်ဖတ်ပူဇော်ထားတဲ့ ဆရာတော်ကြီးတွေရဲ့ အသံကို နာယူပါတယ်။သပ်သပ် နာယူစရာ မလိုပါ။အိမ်သန့်ရှင်းရေး ပြုလုပ်နေရင်း ဖြစ်စေ၊ မနက်စာ စားနေရင်း ဖြစ်စေ၊ ဘုရားခန်း ပန်း၊ သောက်တော်ရေချမ်း လဲလှယ်နေရင်း ဖြစ်စေ ဖွင့်ထားနိုင်ပါတယ်။မင်မင် နာယူနေကျကတော့- တောင်တန်းသာသနာပြု ဆရာတော် ဘုရားကြီး၏ ဂုဏ်တော်ကွန်ချာ၊- ပဌာန်းပါဠိတော်နှင့် ခုနှစ်ရက်သားသမီး မေတ္တာပို့ (ဆရာတော် ဘွဲ့တော်မသိပါ)- ရွှေလင်းယုန် ဆရာတော် ဘုရားကြီး၏ ပရိတ်ကြီး (၁၁)သုတ်ပါ။စိတ်ကို ကြည်လင် ချမ်းမြေ့စေပြီးမိမိ အိမ်ဂေဟာကို ဘေးရန်ကင်းစေပါတယ်။အရောင်းအဝယ် သမားများ လာဘ်လာဘ ရွှင်စေပါတယ်။
  • သန့်ရှင်းရေး ပြုလုပ်ပါ။အိမ်ကို သန့်ရှင်းရေး ပြုလုပ်တာက စိတ်ကျဝေဒနာကို သက်သာစေတဲ့ အံ့ဩဖွယ် နည်းလမ်းပါ။သန့်ရှင်းစင်ကြယ်နေအောင် ပြင်ဆင်ပြီးအညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းလိုက်ခြင်းကစိတ်မှာ ကပ်တွယ်နေတဲ့ အညစ်အကြေးတွေကိုပါယူပစ်လိုက်သလို ပေါ့ပါးလန်းဆန်းစေပါတယ်။
  • ရနံ့ကုထုံး ဒီအတွက်တော့ ပိုက်ဆံ နည်းနည်း သုံးရပါတယ်။မွှေးမွှေးအေးအေးလေး ဖြစ်အောင် နေပါ။မိမိနှစ်သက်တဲ့ Air freshener လေးတွေ ဆောင်ထားပါ။Aircon အခန်း မဟုတ်ရင် Air freshener မသုံးဘဲစံပယ်ပန်းလေးများ ရွှေပန်း ငွေပန်းလေးများစသဖြင့် ရနံ့မွှေးသော ပန်းလေးတွေ ချိတ်ဆွဲထားနိုင်ပါတယ်။အနံ့ပါတဲ့ ဖယောင်းတိုင်ကို ညအိပ်ခါနီး တစ်နာရီမှာထွန်းပေးပြီး အိပ်စက်ခြင်းက စိတ်ဖိစီးမှု လျော့ကျစေတယ်။မီးတော့ သေချာငြိမ်းပေးပါ။ မမေ့ပါနဲ့။ရေမွှေး အနံ့ကောင်းကောင်းလေးတွေကလည်း အတူတူပါပဲ။စိတ်ကို positive vibes ပေးနိုင်ပါတယ်။ဆန္ဒရှိရင် ရနံ့ကုထုံးလေးကို သုံးကြည့်ပေးပါ။
  • ဘာမှ မတွေးဘဲ အိပ်စက်လိုက်ပါ။မနက်ဖြန်တွေကို တွေးပူမနေပါနဲ့။ကြောက်ရွံ့ မနေပါနဲ့။ဖြစ်လာသမျှ အရာရာကို ရင်ဆိုင်ပစ်လိုက်ပါ။လူသားတွေဟာ တစ်နေ့ သေဆုံးမှာ သိသိကြီးနဲ့တောင်ရှင်သန်ရဲနေကြတဲ့ အာဂလူသားတွေ မဟုတ်လား။ဘယ်ပြသနာကများ ထပ်ပြီး ကြီးကျယ်ဦးမှာလဲ။ဒီတစ်ညတော့ နှစ်နှစ်ခြိုက်ခြိုက်သာ အိပ်လိုက်ပါ။ဒီနည်းလမ်းလေးကို တစ်ပါတ်လောက် သုံးကြည့်ပါ။စိတ်ကလေး သက်သောင့်သက်သာနဲ့အေးချမ်းလာပါလိမ့်မယ်။စိတ်ကျန်းမာမှ လူကျန်းမာပါမယ်။လူချမ်းသာပါမယ်။ဘဝကို ရှေ့ဆက်နိုင်ပါလိမ့်မယ်။

Tropical Myanmar page မှ ကူးယူဖော််််််ပြသည်။

သုတ

openmoreonline

Related Posts