ကိုယ်ပိုင်စီးပွါးရေးလုပ်မယ့် သူတိုင်းသိထားသင့်တဲ့အချက် (၆)ချက်

ကိုယ်ပိုင်စီးပွါးရေးလုပ်မယ့် သူတိုင်းသိထားသင့်တဲ့အချက် (၆)ချက် : ကိုယ်ပိုင်စီးပွါးရေးလုပ်တာကချမ်းသာတာမှန်ပေမဲ့ကျရှုံးနေတဲ့တဲ့သူတွေလဲအများကြီးရှိပါတယ်။ဒါကြောင့်ကိုယ်ပိုက်စီးပွါးရေးလုပ်တာ့မယ်ဆိုရင်မဖြစ်မနေသိထားသင့်တဲ့ကိုယ်ပိုင်စီးပွါးရေးလုပ်မယ့် သူတိုင်းသိထားသင့်တဲ့အချက် (၆)ချက်ကိုအကြံပြုချင်ပါတယ်။

  1. လိုအပ်ချက်ကိုကြည့်ပါ။ကုန်ပစ္စည်းတခုကိုထုတ်လုပ်ရောင်းချတော့မယ်ဆိုရင်လက်ရှိဈေးကွက်မှာရှိနေတဲ့ပစ္စည်းကိုထုတ်လုပ်ရောင်းချမယ်ဆိုရင်သူ့ကိုကျော်ပြီးဈေးကွက်ထဲကိုထိုးဖောက်ဖို့ဆိုတာမလွယ်ပါဘူး။ဒါကြောင့်ကိုယ့်ပက်ဝန်းကျင်ရဲ့လိုအပ်ချက်ကိုလေ့လာပြီးအမှန်တကယ်လိုအပ်နေတဲ့ပစ္စည်းကိုထုတ်လုပ်ရောင်းချပါ။
  2. ကြော်ငြာအားကောင်းရမယ်။ကိုယ့်ရဲ့ products ကကြီးသည်ပဲဖြစ်စေ၊ သေးသည်ပဲဖြစ်စေဈေးကွက်ထဲကိုရောက်ဖို့အတွက်ကြော်ငြာအားကောင်းဖို့လိုပါတယ်။ကိုယ်ထုတ်လုပ်လိုက်တဲ့ပစ္စည်း Quality ကဘယ်လောပဲကောင်းနေပါစေကြော်ငြာ အားမကောင်းပဲဈေးကွက်ထဲကိုရောက်ဖို့မလွယ်ပါဘူး။အဒီအတွက် ကိုယ်ပိုင် Websites , Page တွေထောင်ပြီးအဒီကနေကြာ်ငြာလို့ရပါတယ်။
  3. ပေါင်းသင်းဆက်ဆံရေရှိရမယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါ Network ကအင်မတန်အရေးကြီးပါတယ်။ ကိုယ့်အပေါင်းအသင်းတွေက ကိုယ့်လုပ်ငန်းကိုဝန်းရံ ပေးဖို့လိုပါတယ် ။အပေါင်းအသင်း တွေက အားပေးတာနဲ့ သင့်လုပ်ငန်းလည်ပတ်နေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ဆိုရင် Network တည်ဆောက်ဖို့လိုပါတယ် ။ဒါကြောင့်ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေဟာကိုယ့်ရဲ့လုပ်ငန်းကိုပိုမိုတွင်ကျယ်ပြီးပိုမိုအောင်မြင်နိုင်ပါတယ်။
  4. ဦးဆောင်နိုင်မှု စွမ်းရည် သင့်လုပ်ငန်းကြီးထွားလာတာနဲ့အမျှ သင့်ရဲ့ဦးဆောင်မှု စွမ်းရည်ဟာအရေးကြီးလာပါပြီးလူတွေကိုဦးဆောင်ဖို့လိုလာပါပြီ လူတွေကိုဦးဆောင်ဖို့ရာသင့်ကိုသင်ဦးဆောင်ဖို့လိုပါတယ် ။လူတွေကိုအားပေးနိုင်ရမယ် လူတွေကိုလမ်းညွှန်နိုင်ရမယ် လူတွေကို အုပ်ချုပ်နိုင်ရမယ် ဒါကြောင့်သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ပညာလိုအပ်ပါတယ်။
  5. ငွေကြေးစီမံခန့်ခွဲမှု လုပ်ငန်းတိုင်းက ငွေနဲ့လည်ပတ်ကြတာပါ ။ငွေမပါပဲလည်ပတ်တဲ့လုပ်ငန်းမရှိပါဘူး ။ဒါကြောင့်ငွေကို ကောင်းကောင်းစီမံနိုင်ဖို့လိုပါတယ် ။လုပ်ငန်းက မြတ်နေတဲ့အခါ ထပ်ချဲ့သင့်မချဲ့သင့်စဉ်းစားရသလို လုပ်ငန်းရှုံးနေတဲ့အခါ ထက်ထည့်သင့်မထည့်သင့်စဉ်းစားရပါတယ် ။လုပ်ငန်းတိုင်းဟာငွေကြေးပေါ်အခြေခံပြီးလုပ်ကြရတာဖြစ်တဲ့အတွက် ငွေကို မစီမံတတ်ရင်အိတ်ပေါက်နဲ့ဖားကောက်သလိုဖြစ်နေပါလိမ့်မယ်။ငွေစာရင်းရှင်းတမ်းတွေကအစသေချာထုတ်ပြန်ဖို့လိုသလို ငွေကိုလဲစိစစ် သုံးစွဲဖို့လိုပါမယ်။
  6. တောင့်ခံနိုင်မဲ့ငွေအရင်းအနီး ကိုယ်ကပထဆုံးစလုပ်တာဖြစ်တဲ့အတွက်ဈေးကွက်ထဲလွယ်လွယ်နဲ့ရောက်ဖို့တော့မလွယ်ပါဘူး။အချိန်အတိုင်းအတာတခုထိတော့စောင့်ရမယ်။အချို့လုပ်ငန်းတွေဆိုသူတို့ရဲ့ Products ကစားသုံးသူတွေလက်ထဲရောက်ပြီးစသိလာချိန်လေးမှာလုပ်ငန်းဆက်ပြီးလည်ပက်ဖို့အတွက်ငွေအရင်းပြတ်တောက်သွားတဲ့အတွက်ဆက်ပြီးမလည်ပတ်တော့ပဲရပ်လိုက်ရတာမျိုးလဲရှိပါတယ်။

အလိုမဖြစ်အောင်ကိုယ့်ရဲ့ထုတ်ကုန်ကိုစားသုံးသူလက်ထဲရောက်တဲ့အထိလည်ပတ်နိုင်အောင်တောင့်ခံနိုင်တဲ့ငွေအရင်းနှီးလည်းရှိထားဖို့လိုပါတယ်။ ကိုယ်ပိုင်စီးပွါးရေးလုပ်မယ့် သူတိုင်းသိထားသင့်တဲ့အချက် (၆)ချက် ကမိတ်ဆွေတို့အတွက် အကျိုးရှိစေတယ်ဆိုရင်ပြန်လည်မျှဝေပေးခဲ့ပါအုံးနော်။ အားလုံးပဲအနာဂတ်မှာအာင်မြင်ကြီးပွါးတိုးတက်ကြပါစေ

သုတ

openmoreonline

Thuta Daily မှ ကူးယူဖော်ပြပါသည်။

Related Posts